Friday, April 26, 2024

သွေးကင်ဆာဖြစ်နေသည့် ကျောင်းသူ တစ်ဦး အကူအညီ လိုအပ်

Must read

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဖာလဲကျေးရွာရှိ ဖာလဲအားမာန်သစ်ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းသူ တစ်ဦး သွေးကင်ဆာဖြစ်သဖြင့် ဆေးကုသမှု စားရိတ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်နေ့မှ စပြီး ပဥ္စမတန်းကျောင်းသူ နန်းခမ်းပူး သည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး သူမ၏ ရိုးတွင်းချဥ်ဆီ ကို အိန္ဒိယနိုင်ငံသို့ ပို့ဆောင် စစ်ဆေးမည်ဖြစ်သဖြင့် ဆေးကုသမှု စားရိတ် လိုအပ်နေကြောင်း သိရှိရသည်။

ကျောင်းသူ နန်းခမ်းပူး

“ကျောင်းသူလေး က အခု ရန်ကုန်ကလေးဆေးရုံမှာ ဒီနေ့နဲ့ဆို (၈) ရက် လောက်ရှိပြီ ဆေးကုသမှု ခံယူနေတာ။ ဆရာဝန်တွေက ရိုးတွင်းချဥ်ဆီ ကို ယူပြီး အိန္ဒိယနိုင်ငံ ကို ပို့ဆောင်စစ်ဆေးသွားမယ်။ ၆ သိန်းနီးပါးလောက် ကုန်ကျမယ်လို့ သိရတယ်။ အဲ့ဒါ ဆေးကုသဖို့ စားရိတ် လိုအပ်နေတယ်” ဟု ဖာလဲအားမာန်သစ် ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက် မှ တာဝန်ရှိ ဆရာတော် တစ်ပါးက သျှမ်းသံတော်ဆင့် ကို မိန့်သည်။

လက်ရှိ ကျောင်းသူသည် ရန်ကုန် ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး တစ်နေ့လျှင် အသုံးစားရိတ် ၃ သောင်းထက်မနည်း ကုန်ကျနေကြောင်း ၎င်းက ထပ်မံ မိန့် သည်။

“လက်ရှိမှာတော့ ကျောင်းသူကို တစ်နေ့ သွေး (၄) ပုလင်းလောက် သွင်းနေရတယ်။ သူ ရောဂါ ဖြစ်တာနဲ့ ခုချိန်ထိ စားရိတ် စုစုပေါင်း (၁၃) သိန်းလောက် ကုန်သွားပြီ။ ဘာဖြစ်ဖြစ် ဆရာတော်တို့ကတော့ အတတ်နိုင်ဆုံး ကျောင်းသူကို ကူညီသွားမယ်” ဟု ဖာလဲအားမာန်သစ် ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက် မှ တာဝန်ရှိ ဆရာတော် က မိန့်တော်မူသည်။

ဖာလဲ အားမာန်သစ် ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီး လက်ရှိမှာ ကျောင်းသား/သူ နှင့် ဆရာ / ဆရာမ စုစုပေါင်း (၄၀၀) ကျော် ရှိကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article