မိုင်းသောက် ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားပြီး ပြည်သူများသွားလာရေး ခက်ခဲနေရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်တိုက်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့် အခါများ၌ တောင်ကျရေများကြောင့် လမ်းတံတားများ နှစ်မြုပ်ပြီး ပြည်သူများ သွားလာရေး ခက်ခဲနေကြောင်း သတင်းသိရသည်။


ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် လမ်းများနှစ်မြုပ်ကာ သွားလာရေး ခက်ခဲ နေကြောင်း ဒေသခံများက ပြောသည်။


“မိုးကြီးလို့ ရေကြီးလာရင်ပဲဖြစ်ဖြစ်၊ တောင်ကျချောင်းရေတွေပဲ စီးကျလာလို့ ဖြစ်ဖြစ် လမ်းတွေက ရေမြုပ်သွားတယ်၊ အဲ့ဒါကြောင့် သွားလို့လာလို့ မရဘူး၊ ၉ ရက်နေ့က ဝါကျွတ်နေ့လည်း ဖြစ်တော့ တော်တော် အဆင်မပြေ ခဲ့ကြဘူး” ဟု မိုင်းသောက်တိုက်နယ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းသောက်တိုက်နယ် ရေကြီးရေလျှံမှုဖြစ်


အဆိုပါ ရေမြုပ်သွားသည့် လမ်းများသည် တောင်ကျရေများ စီးကျလာသည့်အခါတွင် ရေစီးချောင်းမရှိခြင်း နှင့် ရေကြီးသည့်အခါ ဖြတ်သွားလာနိုင်သည့် တံတားများ မရှိခြင်းတို့ ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။


ထို့အပြင် ရေကြီး ရေလျှံမှုဖြစ်သည့် မိုင်းသောက်ကျေးရွာရှိ လမ်းကြောင်းသည် ညောင်ရွှေမြို့ နှင့် ချိတ်ဆက်ထားသည့် အပြင် အောင်ပန်း ၊ ကလော ၊ နေပြည်တော် သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်ကြောင်းလည်း ဒေသခံအမျိုးသား တစ်ဦးက ဆက်ပြောသည်။


“ဒီလမ်းဟာ မိုင်းသောက်က ပြည်သူအတွက်ရော တခြားမြို့နဲ့ သွားရေးလာရေးရော အသုံးပြုရတဲ့လမ်းပါ၊ ဒါပေမဲ့ ချောင်းလည်းမရှိ၊ တံတားလည်းမရှိတော့ ရေကြီးလာရင် လမ်းကို မမြင်ရတော့ဘူး၊ မြုပ်သွားပြီ၊ ဒါကြောင့် ဖြစ်နိုင်ရင် ပုံစံကျကျ နဲ့ လမ်းတွေ တံတားတွေ ချောင်းတွေကို ဖော်ဆောင်လုပ်ပေးစေချင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။


ယခုလို ရေကြီးရေလျှံမှုများသည် နှစ်စဥ်နှစ်တိုင်း မိုးရာသီ ကာလအတွင်း ကြုံတွေ့နေရပြီး သက်ဆိုင်ရာများထံ တင်ပြတောင်းဆိုထားသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...