Thursday, April 18, 2024

မိုးဗြဲမြို့ စစ်ကောင်စီက စစ်အင်အားဖြည့်နေ

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲတွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မိုးဗြဲမြို့ စက်တော်ရာ တောင်ပေါ်တွင်လည်း စစ်ကောင်စီက တပ်ဆွဲထားနေသဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်သံတော်ဆင့် ကိုပြောသည်။

“စစ်ကောင်စီက စစ်အင်အားတွေ ဖြည့်နေသေးတယ်။ အခုလည်း စက်တော်ရာတောင်ပေါ် မှာ တပ်ဆွဲထားတယ်။ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်နိုင်တယ်။ စစ်ရေးက တင်းမာနေဆဲဖြစ်တယ်”ဟု ၄င်းက ပြောသည်။

မိုးဗြဲမြို့

မိုးဗြဲမြို့ထဲတွင် ယခုရက်ပိုင်းတွင် တိုက်ပွဲငြိမ်နေသော်လည်း တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် PDF တပ်ဖွဲ့များက ကျည်ဆံ နှင့် စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

“အဓိကတော့ ကျနော်တို့ ကျည်ဆံလိုအပ်တာပေါ့။ ပြီးတော့ အစားအသောက်တွေ လိုအပ်နေတယ်။ အလှူရှင်ကလည်း အရမ်းနည်းနေတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုးဗြဲမြို့သည် စစ်ကောင်စီ နှင့် PDF တို့ စက်တင်ဘာလမှ စပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article