Friday, April 19, 2024

မိုင်းလားမြို့ Lockdown ကာလ ထပ်တိုး

Must read

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် ကိုဗစ် ၁၉ ပိုး စစ်ဆေးတွေ့ရှိသဖြင့် Lockdown ကို ထပ်မံတိုးမြင့်ထားကြောင်း သိရသည်။

မိုင်းလားမြို့သည် စက်တင်ဘာ (၁၆) ရက်နေ့မှစပြီး (၆) ရက် Lockdown ပိတ်ခဲ့ရာ လက်ရှိမှာ ပြည်သူများကို ကိုဗစ် – ၁၉ ပိုးစစ်ဆေးရန် ထပ်မံလိုအပ်သောကြောင့် Lockdown ဆက်တိုးပိတ်ထားကြောင်း သိရသည်။

“ကျနော်တို့ မိုင်းလားမှာက ပြည်သူတွေတစ်ချို့ နှာချေး၊ ချောင်းဆိုးတာ များနေတယ်။ ပြီးတော့ ထိုင်းနိုင်ငံမှ ဝင်လာတဲ့ သူတွေကလည်း များတယ်။ ကိုဗစ် ပိုးမစစ်ဆေးပေးရတာလည်းကြာပြီ။ အဲ့ကြောင့် ပြန်စစ်ဆေးတာ။ ပိုးတွေ့လူနာ ဘယ်လောက်ရှိလဲဆိုတော့ ကျန်းမာရေးဌာနက မထုတ်ပြန်သေးဘူး” ဟု မိုင်းလားမြို့ တက်ကြွလှုပ်ရှားသူက ပြောသည်။

မိုင်းလား Lockdown

အဆိုပါ ယမန်နေ့က မိုင်းလားမြို့ ထုတ်ပြန်ချက်တွင်လည်း ပြည်သူများအနေဖြင့် ကိုဗစ် – ၁၉ ပိုးစစ်ဆေးရန် ထပ်မံလိုအပ်ကြောင်း ဒေသတွင်း ကိုဗစ် – ၁၉ အခြေအနေဆိုးဝါးနေကြောင်း ထုတ်ပြန်ထားသည်။

ထိုအပြင် ပြည်သူများအနေဖြင့်လည်း တစ်အိမ်ပြီး တစ်အိမ် လည်ပတ်ခြင်းများလည်း မပြုလုပ်ကြရန် တားမြစ်ထားသည်။

မိုင်းလားမြို့သည် စက်တင်ဘာ ၂၁ ရက်နေ့အထိ ရက်အကန့်အသတ် Lockdown ပိတ်ထားပြီ ဖြစ်ကြောင်း ပြန်ဖြေလျော့ ရမည့်နေ့ ကို ပြန်အကြောင်းကြားမည်ဟု ထုတ်ပြန်ထားသည်။

မိုင်းလားမြို့တွင် ကိုဗစ် – ၁၉ ကူးစက်မှု ၃ ကြိမ်တိုင်ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article