မိုင်းလားမြို့ Lockdown ကာလ ထပ်တိုး

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် ကိုဗစ် ၁၉ ပိုး စစ်ဆေးတွေ့ရှိသဖြင့် Lockdown ကို ထပ်မံတိုးမြင့်ထားကြောင်း သိရသည်။

မိုင်းလားမြို့သည် စက်တင်ဘာ (၁၆) ရက်နေ့မှစပြီး (၆) ရက် Lockdown ပိတ်ခဲ့ရာ လက်ရှိမှာ ပြည်သူများကို ကိုဗစ် – ၁၉ ပိုးစစ်ဆေးရန် ထပ်မံလိုအပ်သောကြောင့် Lockdown ဆက်တိုးပိတ်ထားကြောင်း သိရသည်။

“ကျနော်တို့ မိုင်းလားမှာက ပြည်သူတွေတစ်ချို့ နှာချေး၊ ချောင်းဆိုးတာ များနေတယ်။ ပြီးတော့ ထိုင်းနိုင်ငံမှ ဝင်လာတဲ့ သူတွေကလည်း များတယ်။ ကိုဗစ် ပိုးမစစ်ဆေးပေးရတာလည်းကြာပြီ။ အဲ့ကြောင့် ပြန်စစ်ဆေးတာ။ ပိုးတွေ့လူနာ ဘယ်လောက်ရှိလဲဆိုတော့ ကျန်းမာရေးဌာနက မထုတ်ပြန်သေးဘူး” ဟု မိုင်းလားမြို့ တက်ကြွလှုပ်ရှားသူက ပြောသည်။

မိုင်းလား Lockdown

အဆိုပါ ယမန်နေ့က မိုင်းလားမြို့ ထုတ်ပြန်ချက်တွင်လည်း ပြည်သူများအနေဖြင့် ကိုဗစ် – ၁၉ ပိုးစစ်ဆေးရန် ထပ်မံလိုအပ်ကြောင်း ဒေသတွင်း ကိုဗစ် – ၁၉ အခြေအနေဆိုးဝါးနေကြောင်း ထုတ်ပြန်ထားသည်။

ထိုအပြင် ပြည်သူများအနေဖြင့်လည်း တစ်အိမ်ပြီး တစ်အိမ် လည်ပတ်ခြင်းများလည်း မပြုလုပ်ကြရန် တားမြစ်ထားသည်။

မိုင်းလားမြို့သည် စက်တင်ဘာ ၂၁ ရက်နေ့အထိ ရက်အကန့်အသတ် Lockdown ပိတ်ထားပြီ ဖြစ်ကြောင်း ပြန်ဖြေလျော့ ရမည့်နေ့ ကို ပြန်အကြောင်းကြားမည်ဟု ထုတ်ပြန်ထားသည်။

မိုင်းလားမြို့တွင် ကိုဗစ် – ၁၉ ကူးစက်မှု ၃ ကြိမ်တိုင်ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...