မူဆယ်မြို့နယ် လျှပ်စစ်မီး (၆) ရက်ပျက်၊ ပြည်သူများ အလုပ်ရပ်ဆိုင်းထားရမည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စက်တင်ဘာ (၈) ရက်နေ့မှ စက်တင်ဘာ (၁၃) ရက်နေ့ထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည့်အတွက်ကြောင့် ပြည်သူများတစ်ချို့က အလုပ်ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း စုံးစမ်းသိရှိရသည်။

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်အမှတ် (၆) Main Transformer ကို ပြင်ဆင်မည့်အတွက်ကြောင့် မူဆယ်မြို့နယ်တွင်း လျှပ်စစ်မီး (၆) ရက် ပျက်မည်ဟု စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုသို့ မီးပျက်မှာဖြစ်သည့်အတွက်ကြောင့် လုပ်ငန်းခွင်များကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ပြည်သူများတစ်ချို့က ဝင်ငွေ မရှိနိုင်တော့ကြောင်း မူဆယ်မြို့ မုန့်တိုက်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီတစ်ပတ်လုံး ဝင်ငွေတွေမရှိတော့ဘူးပေါ့။ ထွက်ငွေတွေကိုပဲ ရှိတော့မယ်။ အလုပ်လည်းရပ်ထားရမယ်။ မီးစက်သုံးတော့ လည်း ကျနော်တို့ လုပ်ငန်းနဲ့က မကိုက်ဘူးလေ။ အခုတော့ ရှိတဲ့ မုန့်တွေကို ရောင်းပြီးတော့ပဲ လုပ်နေရတာပေါ့” ဟု ၎င်းကို ပြောသည်။

မူဆယ်မြို့

ထိုအပြင် မီးပျက်သောကြောင့် အိမ်ရှင်မ နှင့် လျှပ်စစ်မီးကို အသုံးပြုသည့် လုပ်ငန်းများလည်း ခက်ခဲလာနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

“ကျနော်တို့က လျှပ်စစ်မီးကို အသုံးပြုပြီးတော့ အလုပ်လုပ်ရတာပဲလေ။ လျှပ်စစ်မီးပျက်တော့ ကျနော်တို့လည်း အလုပ်မလုပ်ရတော့ဘူး။ အလုပ်နောက်ကျတယ်လေ။ ဗွီနိုင်း မထုတ်ပေးနိုင်တော့ဘူး။ ဝင်ငွေ ခနပျက်တာပေါ့” ဟု မူဆယ်မြို့ အသေးစား လုပ်ငန်း လုပ်ကိုင် သူတစ်ဦး က ပြောသည်။

အလားတူ အိမ်ရှင်မတစ်ဦးကလည်း “ကျမတို့တော့ အလုပ်ပိုလာတာပေါ့။ ထမင်းကို ထင်း၊ မီးသွေးနဲ့ ပြန်ချက်ရတာပေါ့။ အရင်ကတော့ ထမင်းကို လျှပ်စစ်အိုးနဲ့ တည်ထားပြီးတော့ တစ်ခြားဟာလုပ်နေလို့ရတာပေါ့” ဟု ပြောသည်။

အလားတူ မီးပျက်မည်ဖြစ်သောကြောင့် ပြည်သူများက ရေအခက်ခဲ ပိုပြီးရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ရေက ပိုခက်ခဲလာနိုင်တယ်။ အခုတောင် ရေတွေကို အပြည့်တင်ထားရတယ်။ မီးပျက်ရင် ရေတင်လို့မရတော့ဘူး။ မီးစက်နဲ့တင်ရင်လည်း ဒီဇယ်ဆီတွေက ဈေးကြီးတယ်။ ရေက နေ့တိုင်းသုံးရတော့ ပိုခက်ခဲတယ်။ စားသောက်တာက gas နဲ့ ချက်ပြုတ်လို့ရသေးတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

အလားတူ ရေရောင်းသူများကလည်း ရေရောင်းရန် ရပ်ဆိုင်းလာနိုင်ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့နယ်သည် လျှပ်စစ်မီး (၆) ရက် ပျက်မည်ဖြစ်သည့် အတွက်ကြောင့် ညအချိန်မှာ သူခိုး၊ ဓားပြများကို အခွင့်အရေး ပေးနေမှာကိုလည်း စိုးရိမ်နေကြသည်။

“ မီးပျက်မယ်ဆိုတော့ ညကျရင် သူခိုးတွေ များလာမှာကိုပဲ စိုးရိမ်ရတယ်။ မီးပျက်တော့ ဘာမှမတွေ့ရဘူးလေ။ သူခိုးတွေ ပိုပြီးသောင်းကြမ်းလာမှာကို စိုးရိမ်ရတယ်။ အခုကလည်း သူခိုးတွေက များနေပြီပဲလေ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်လည်း ဖယောင်းတိုင်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားမှာကို ဒေသခံများက စိုးရိမ်နေကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိသည့်အပြင် မီတာခကိုလည်း ယခင်ထက် ဈေးနှုန်းမြင့် ကောက်ခံနေကြောင်း သိရသည်။

ယခင်က မူဆယ်မြို့နယ်အတွင်းတွင် ဓာတ်အားပေးစက်ရုံကို ပြင်ဆင်နေချိန်တွင်လည်း လျှပ်စစ်မီးကို အလှည့်ကျပေးသည့် အတွက်ကြောင့် ယခုအခါတွင်လည်း အလှည့်ကျပေးရန်အတွက် ပြည်သူများက တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...