Tuesday, April 30, 2024

တောင်ကြီးမြို့ စစ်ကောင်စီတပ်ဖွဲ့မှ မီးပုံးပျံလုပ်ယမ်းများကို ဖောက်ခွဲရေးပစ္စည်းဟုဆိုပြီး ဖမ်းဆီးနေ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက မီးပုံးပျံလုပ် ယမ်းများကို ဖောက်ခွဲရေးပစ္စည်းဟု သတ်မှတ်ပြီး ယမ်းအသုံးပြုသူများ၊ ဝယ်ယူသူများကို ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

ရိုးရာတောင်ကြီးတန်ဆောင်တိုင် (၂) နှစ်ကျော်ကာလအတွင်း ပွဲတော် မကျင်းပရသော်လည်း ရပ်ကွက်အနေဖြင့် အပျော်သဘော မီးပုံးပျံများ လွှင့်ရန်အတွက် လိုအပ်သော ယမ်းများကို စစ်ကောင်စီတပ်ဖွဲ့မှ ဖောက်ခွဲရေးပစ္စည်းဟု ဆိုပြီးလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမ်း ပါသည့် မီးပုံးပျံ

“တန်ဆောင်တိုင်ပွဲတော်မရှိတာ (၂) နှစ်ကျော်ပြီ။ အခုက အပျော်သဘောနဲ့ လွှတ်ဖို့လုပ်တာပါ။ ကျနော်တို့ ရပ်ကွက်မှာလည်း နှစ်စဉ်နှစ်တိုင်း လွှတ်ပါတယ်။ အခုက ဧည့်စာရင်းတွေ ဝင်စစ်မယ်ဆိုပြီး လိုက်စစ်ဆေးနေတာ။ ယမ်းတွေ၊ ဝိုင်ယာကြိုးတွေကို ဖောက်ခွဲရေးပစ္စည်းဆိုပြီး ဖမ်းနေတာ“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

ယခင်က သီတင်းကျွတ်ကာလ မရောက်ခင် (၂) လ အလိုတွင် မီးပုံးပျံများမှ အသုံးပြုရသည့် ယမ်းများကို ဝယ်ယူ၍ မီးပုံးပျံစမ်းသပ် လွှင့်တင်ခြင်း၊ ပူဇော်ပွဲများကို ပြုလုပ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်မှ ပြိုင်ပွဲဝင်အဖွဲ့အစည်းများစွာရှိပြီး ယခုကာလတွင် ၎င်းအဖွဲ့အစည်းမှ ပါဝင်သူများကိုလည်း လိုက်လံဖမ်းဆီးဆောင်ရွက်နေကြောင်း တောင်ကြီးဒေသခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့လည်း ဖမ်းခံရလို့ ပြန်လွှတ်တာလည်းရှိသလို ပြန်လွှတ်လာတဲ့သူလည်း ရှိတယ်။ သူတို့က သတင်းရထား တာလည်းရှိတယ်။ အဲ့ကြောင့်လိုက်ဖမ်းနေတာ။ ဧည့်စာရင်းစစ်တာလည်း အချိန်ပုံမှန်မရှိဘူး။ သူတို့ဝင်စစ်ချင်တဲ့ အချိန်ဝင်စစ်တာ “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် တောင်ကြီးမြို့ အထက (၈) တိုက်တန်းရှိ စိန်မြင့်မိုရ်ဆိုင် နှင့် ရတနာသီရိရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးရာ ယမ်းများတွေ့ရှိသဖြင့် ၎င်းနေအိမ်မှ မိသားစုဝင်များ ဖမ်းဆီးခံရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article