သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့မှာ ဆန်ပြတ်လပ်

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ယခုရက်ပိုင်း ဆန်ပြတ်လပ် မှုထိဖြစ်လာကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းလာပြီး တစ်နှစ်ကျော်ကာလအတွင်းတွင် ကုန်ဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာပြီး ပြည်သူများက ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်း ကြသဖြင့် ဆန်များပြတ်လပ်သည့်အထိ ဖြစ်လာကြောင်း သိရသည်။

“ဆန်ကလည်း ဈေးတွေ အရမ်းမြင့်တက်လာတယ်။ ဒီကလူတွေက ဆန်စျေးတွေ အရမ်းမြင့်တက်လာမှာဆိုးလို့ ဝယ်စုကြတယ်။ တစ်ချို့ ဆန်စက်တွေမှာ ဆန်တွေတောင်ပြတ်နေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်မှ သွားဝယ်လာတာ မရှိတော့ဘူး။ ဆန်ဈေးတွေလည်း ထပ်ဝက်လောက် တက်လာတယ်” ဟု သီပေါမြို့ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယခင်က ဆန်ဈေး တစ်အိတ်လျှင် မြန်မာကျပ်ငွေ (၃၅,၀၀၀) ခွဲရှိပြီး ယခု တစ်အိတ်လျှင် ကျပ်ငွေ ၅ သောင်း မှ ကျပ်ငွေ ၁ သိန်း ကြားရှိနေပြီး အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် ဆန်ဈေး တစ်အိတ်လျှင် ကျပ်ငွေ ၁ သိန်းထိ မြင့်တက်လာကြောင်း သိရသည်။

သျှမ်းပြည်တွင်းရှိ ဆန်စက်

“အကုန်လုံးဈေးတက်တယ်။ ဆန်၊ ဆီ၊ ဆားတွေ အကုန်လုံးဈေးတက်တယ်။ ကြက်သွန်နီလည်း အရင်က တစ်ပိဿာကို ၉၀၀ နဲ့ ၁၅၀၀ ပဲ ။ အခုက ၃၅၀၀ ထိ ဈေးက ခုန်တက်သွားတယ်။ ဆီတွေလည်း တစ်ပုံကို ၅ သောင်း ထိတက်သွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အခြေခံ လူတန်းစား နှင့် အိမ်ရှင်မများ ခက်ခဲလာကြောင်း သိရသည်။

“ကျမတို့ အိမ်ရှင်မတွေက ခက်ခဲတာပေါ့။ အလုပ်ကလည်း မရှိဘူးလေ။ အမျိုးသား နားတောင်းတော့လည်း လျော့သုံးအုံးလေလို့ ပြောလာသေးတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတော့ ရှိတာနဲ့ ချက်ပြီး စားနေရတော့တယ်” ဟု သီပေါမြို့ အိမ်ရှင်မက ဆိုသည်။

အလားတူ အခြေခံနေ့စား အလုပ်သမား တစ်ဦးကလည်း “ကုန်ဈေးနှုန်းမြင့်တက်လာတော့ ကျနော်တို့လည်း ရှိတာကိုပဲစားတော့တယ်။ တတ်နိုင်တာပဲ ဝယ်ပြီးစားတော့တယ်။ ထမင်း နဲ့ ဟင်းသီးဟင်းရွက် ၂ မျိုး လောက်နဲ့ပဲစားဖြစ်တော့တယ်” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အခြေခံစားသောက်ကုန် အပြင် စက်သုံးဆီများလည်း အဆမတန် ဈေးနှုန်းမြင့်တက်လာပြီး ပြည်သူများ စားဝတ်နေရေးအတွက် တစ်ရက်ထက် တစ်ရက် ပိုခက်ခဲလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...