မိုးဗြဲမြို့ ပြည်သူ့နေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ရှောင်နေရသည့် ပြည်သူများနေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ခံနေရကြောင်း သတင်း သိရသည်။

မိုးဗြဲ

မိုးဗြဲမြို့ပေါ်ရှိ လူမနေသည့် စစ်ရှောင်ပြည်သူများနေအိမ် နှင့် ဝီသဲဂူကျေးရွာ နှင့် တခြားစစ်ရှောင်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသမား နှင့် သူခိုးတို့သည် နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူဆောင်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဖောက်ထွင်းမှုလုပ်တဲ့ တော်တော်များများက ဆေးသမားတွေပေါ့၊ ပြည်သူအားလုံးနီးပါးက စီးပွားရေးခက်ခဲနေတဲ့အချိန် စစ်ရှောင်သွားရတဲ့ ပြည်သူအိမ်တွေ လူမနေတဲ့အိမ်တွေကို ဖောက်ပြီး ဆေးဖိုးကို ရှာကြတာ၊ ဖောက်ခံရတဲ့နေအိမ်က ၁၀ လုံးလောက်ရှိနေပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လက်ရှိ မိုးဗြဲမြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ သွားလာလှုပ်ရှားနေလျက်ရှိနေပြီး ယင်းကဲ့သို့ ပြည်သူ့ အိမ်များ ဖောင်ထွင်းခံနေရသော်လည်း အရေးယူဆောင်ရွက်ခြင်းများ မရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ခိုးသူများ ဆေးသမားများ သောင်းကျန်းနေမှုကြောင့် ဒေသခံ ပြည်သူများသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ တိုင်စာပေးပို့ကာ အကူအညီတောင်းခံထားကြောင်းလည်း သိရသည်။

“စစ်ကောင်စီတွေက မြို့ထဲနေရာယူထားပေမဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ လုံခြုံရေးတွေကို ဘာမှ တာဝန် မယူပေးတဲ့အခါကျတော့ PDF တွေကိုပဲ အားကိုးရတာလေ၊ ဒီသူခိုးတွေ ဖောက်ထွင်းသူတွေကို အရေးယူပေးဖို့ Local PDF တွေကို တိုင်စာပို့ပေးထားတယ်လို့သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်တွင် မူးယစ်ဆေးသုံးသူများနှင့် စစ်ဘေးရှောင် ပြည်သူများ၏ ပစ္စည်းများကို လိုက်လံခိုးယူနေသည့် သူခိုးအုပ်စုများအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထိုက်လျောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ၎င်းတို့စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် နေအိမ်များမှ ပစ္စည်းများကို ခိုးယူမှုဖြစ်နေခြင်းသည် ဗိုးဗြဲမြို့အပြင် တခြားမြို့ရွာရပ်ကွက်များမှာလည်း ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...