Thursday, May 2, 2024

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YUG နှင့် TPDF ဆက်စပ်သူ နှစ်ဦးဖမ်းခံရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) မှ ဆက်စပ်သူ နှစ်ဦးကို ယမန်နေ့ (သြဂုတ် ၁၅) ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်းတွင် ရဲ နှင့် စစ်ကောင်စီများက ဧည့်စာရင်းဝင်စစ်ဆေးနေစဉ်အတွင်း ၎င်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုကျော်ခန့် နှင့် ကိုမြတ်မင်း တို့နှစ်ဦးကို ဖမ်းဆီးမိကြောင်း ညောင်ရွှေဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေစစ်ရှောင်စခန်း

“ စစ်ဘေးရှောင် ကျောင်းမှာ ရဲတွေဧည့်စာရင်း ဝင်လာစစ်ရင်း ဖမ်းမိတယ်လို့ကြားတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးလာကုတယ်လို့ ပြောတယ်။ ရဲတွေက ဧည့်စာရင်းတွေစစ်ရင်း ဖုန်းတွေပါစစ်ကြည့်တယ်။ ပြီးတော့ သူတို့ကလည်း ထွက်ပြေးဖို့ကြိုးစားတော့ ဖမ်းခံရတယ် “ ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ ဖမ်းဆီးခံရသော တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ခေါင်းဆောင် ကိုကျော်ခန့် နှင့် ရွာငံမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (YUG) မှ ကိုမြတ်မင်း နှစ်ဦးကို တောင်ကြီးမြို့ စစ်ဆေးရေးကြောတွင် စစ်ဆေးနေ ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၆ ရက် ညပိုင်းတွင်လည်း အေးသာယာမြို့ရှိ လူငယ် (၅) ဦးကို စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းဆီးခေါ် ဆောင်သွားပြီး တောင်ကြီး အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article