Wednesday, January 28, 2026

မိုင်းကိုင်ပြည်သူတစ်ဦး မိုင်းနင်းမိ / ထိခိုက်ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးသည် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂၀) ရက် ညပိုင်းတွင် ကျွဲသွားရှာသည့် စိုင်းစင်းသည် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သည့် အတွက် ဆေးရုံသို့ ပိုဆောင်ထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းနင်းမိသည့် စိုင်းစင်း

“ညနေ ၄ နာရီလောက်မှာ ကျွဲသွားရှာရင်းနဲ့ မိုင်းနင်းမိတာတဲ့၊ ထိခိုက်ဒဏ်ရာလည်း တော်တော်များတယ်၊ ရင်ဘတ်ထိတော့ ပိုဆိုးတာပေါ့၊ ခြေထောက် နဲ့ လက်နှစ်ဖက်လုံးမှာလည်း ဒဏ်ရာပြင်းထန်တယ်၊ မိုင်းကိုင်ဆေးရုံ ကို အရင်ပို့တာ အခြေအနေဆိုးလို့ ဆိုပြီး လွိုင်လင် ခရိုင်ဆေးရုံကို ပြန်ပို့ထားရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မိုင်းနင်းမိသူ စိုင်းစင်းသည် ပန်ကေတု ကျေးရွာဒေသခံဖြစ်ပြီး အသက် ၃၀ ဝန်းကျင် ဖြစ်ကြောင်း နှင့် ဒဏ်ရာပြင်းထန်သည့်အတွက် မိုင်းကိုင်ဆေးရုံမှ လွိုင်လင်ခရိုင်ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ထားရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

မိုင်းနင်းမိသူ စိုင်းစင်း

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် မိုင်းသည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့၏ လက်ချက် မသိရှိရသေးကြောင်း သတင်းသိရသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း မှစပြီး လက်ရှိအချိန်ထိ မိုင်းကိုင်မြို့နယ်အတွင်း မိုင်းနင်းမိသူ ၁၀ ဦး အထက်ရှိပြီး သေဆုံးသူ ၂ ဦးခန့်ရှိသည်။

မိုင်းကိုင်မြို့နယ် နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေလျက်ရှိ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...