တောင်ကြီးမြို့ပေါ် ယာဉ်ရပ်နားခ အဆမတန်ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း ယာဥ်ရပ်နားခများကို ယခင်ကထက် အဆမတန်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ယခင်စစ်အာဏာမသိမ်းခင်တွင် ယာဉ်ကြီး (၅၀၀)ကျပ် ၊ ယာဉ်ငယ် (၃၀၀) ၊ ဆိုင်ကယ် (၂၀၀) ကျပ်နှင့် စက်ဘီးတစ်စီးလျှင် (၁၀၀) ကျပ်ဟု သတ်မှတ်ထားခဲ့သည်။

စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်အတွင်း တောင်ကြီးမြို့ရှိ ဈေးများ နှင့်လမ်းမကြီးဘေးတွင် ယခုကာလအတွင်း သတ်မှတ်နှုန်းထက်ကို အဆမတန် ကောက်ခံနေကြောင်း တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အရင်ကတည်းက ဈေးထဲမှာ စည်ပင်ကကောက်တာ ပြေစာရွက်ပေးတယ် ။ အခုက ပြေစာလည်း မပေး ကောက်ချင်သလို ကောက်နေတယ်။ တချို့ကလည်း ဆိုင်ကယ်ကို (၅၀၀) လောက်ပေးရတဲ့ သူလည်း ရှိတယ်။ လူတိုင်းစားဝတ်နေရေး ခက်ခဲနေချိန်မှာ (၅) မိနစ်လောက်သွားရပ်လည်း ကောက်နေတော့ အဆင်မပြေတော့ဘူး“ ဟု ၎င်းကပြောသည်။

တောင်ကြီးမြို့ပေါ် ယာဥ်များ သွားလာမှု

အဆိုပါ တောင်ကြီးမြို့ပေါ် ရှိ ယာဉ်ရပ်နားခ ကောက်လာသည့်အပြင် စတိုးဆိုင်ရှေ့ ရပ်ထားသည့် ယာဉ်များအပါအဝင် ကောက်ခံနေကြောင်း ၎င်းက ဆိုသည်။

ယာဉ်ရပ်နားချိန် တစ်နာရီအထက် အပ်နှံထားသော ယာဉ်များကို (၁) နာရီလျှင် (၁၀၀) ကျပ်နှုန်းဖြင့် ယာဥ်ရပ်နားခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်က သတ်မှတ်ခဲ့သော်လည်း လက်ရှိမှာ ယာဥ်ရပ်နားခကို ကြုံသလို ကောက်ခံနေကြောင်း၊ စျေးနှုန်းမှာလည်း အတိအကျမရှိကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက်အရသိရသည်။

ယခုကာလ စားဝတ်နေရေးအတွက် ခက်ခဲနေချိန် ယာဉ်ရပ်နားခ အဆမတန်ကောက်ခံလာခြင်းကြောင့် ဒေသခံများလည်း ပိုခက်ခဲလာကြောင်း တောင်ကြီးလူငယ်တစ်ဦးက ဆိုသည်။

“ဒီလိုခက်ခဲနေချိန်မှာ ယာဥ်ရပ်နားခကို ကောက်ချင်သလိုကောက်တယ်။ ပိုကောက်တယ်။ မရှိတဲ့သူအတွက် ပိုခက်သွားတယ်” ဟု ၎င်းလူငယ်က ဆက်ပြောသည်။

စစ်အာဏာသိမ်းလာပြီးနောက် သျှမ်းပြည်ရှိ စည်ပင်များသည် ယာဥ်ရပ်နားခကို ယခင်ကထက် အဆမတန်ကောက်လာသည့်အပေါ် ဒေသခံများမှ သက်ဆိုင်ရာသို့ တိုင်ကြားရန် ခက်ခဲနေကြောင်း သိရသည်။

ထိုအပြင် တောင်ကြီးမြို့ပေါ် ခရီးသွားလာသူများအနေဖြင့် ဧည့်စာရင်းမတိုင်ပါက ငွေကြေး တောင်းခံမှုများ လည်းရှိပြီး ဆိုင်ကယ်ဉီးထုပ်နှင့် ဆိုင်ကယ်နံပါတ်ပြား မပါသူများကို (၂၀၀၀၀) အထက်ကောက်ခံလျက်ရှိ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...