ပင်လောင်း လက်ဖက် စိုက်ပျိုးသူ အခက်ကြုံနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့သည် လက်ဖက်ကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး၊ လက်ရှိကာလမှာ လက်ဖက်စိုက်ပျိုးသူများအတွက် အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ယခုကာလသည် နိုင်ငံရေးရှုပ်ထွေးမှုဖြစ်ပွားကာ ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် လက်ဖက်စျေးနှုန်းမတက်လာဘဲ စိုက်ပျိုးရာတွင် အသုံးပြုသည့် မြေသြဇာ၊ စက်သုံးဆီစျေးနှုန်းလည်း အဆမတန်မြင့်တက်လာကြောင်း လက်ဖက်စိုက်ပျိုးသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ဖက်စျေးနှုန်းက မတက်ဘူး။ အခုစိုက်ပျိုးရေးမှာ သုံးတဲ့ မြေသြဇာတွေ စက်သုံးဆီစျေးတွေက အရမ်းတက်လာတယ်လေ။ စားသောက်ကုန်တွေလည်း တက်လာတော့အရမ်းကို ခက်ခဲလာပြီ” ဟု ပင်လောင်း လက်ဖက်စိုက်ပျိုးသူ ခွန်မိုးကျော် က ပြောသည်။

ယခုမိုးတွင်းကာလသည် လက်ဖက်စိုက်ပျိုးကောင်းသော ကာလဖြစ်ပေမယ့် မြေသြဇာမြင့်တက်လာ မှုကြောင့် လက်ဖက်စိုက်ပျိုးသူ လျော့နည်းလာကြောင်း ခွန်မိုးကျော်က ပြောသည်။

လက်ဖူးခူးနေတဲ့ပုံ

“အဖက်ဖက်က စျေးတက်ပြီး လက်ဖက်ကျတော့ စျေးမတက်တော့ တချို့ တောင်သူတွေ လက်ဖက်မစိုက်တော့ဘူး။ ရှေ့ဆက် ကျနော်တို့ ဘယ်လို လုပ်ရမှန်းမသိဘူး” ဟု ၎င်းက ဆိုသည်။

လက်ဖက်ခြောက် စျေးနှုန်းမှာ တပိဿလျှင် (၆၀၀၀) ကျပ်သာ ရရှိကြောင်း သိရသည်။

ထို့ပြင် လက်ဖက်ခြံနှင့်ဝေးသော တောင်သူများသည် လက်ဖက်ခူးရန် ယခင်ကဆိုင်ကယ်ဖြင့် သွားလာရပြီး၊ ယခုစက်သုံးဆီ မြင့်တက်လာပြီးနောက် တချို့သောတောင်သူများမှာ လက်ဖက်ခူးရန် လမ်းလျှောက်သွား နေရကြောင်း ပင်လောင်း ဒေသခံများက ပြောသည်။

“တချို့ခြံဝေးတဲ့နေရာဆို ဆိုင်ကယ်နဲ့သွားမှ အဆင်ပြေတာ။ ခူးပြီးယူပြန်ရင် ဆိုင်ကယ်နဲ့မှ အဆင်ပြေတာလေ၊ ဆီဈေးကတော့ (၂၀၀၀) ကျော် (၃၀၀၀) နီးပါး မဝယ်နိုင်တဲ့သူလည်း ရှိတယ် ၊ မဝယ်နိုင်တော့လည်း လမ်းလျှောက်သွားကြတယ်။ ဒီအချိန်က လက်ဖက်လုပ်ရတာလည်း အဆင်မပြေဘူး“ ဟု ပင်းလောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး စစ်အာဏာသိမ်းပြီးနောက် ပင်လောင်းမြို့တွင် မီးမကြာခဏ ပျက်သဖြင့် လက်ဖက်လုပ်ငန်း အတွက်ထိခိုက်လာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...