မိုင်းကိုင်မြို့နယ် သျှမ်းသံဃာများ ဦးဆောင်ပြီး စာသင်ကျောင်း ဖွင့်လှစ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် သျှမ်းသံဃာတော်များ ဦးဆောင်ပြီး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (ဘကကျောင်း) ဖွင့်လှစ် သင်ကြားပေးနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် သံဃာတော်များ၏ ဦးဆောင်မှုဖြင့် မိုင်းကိုင်မြို့နယ် ပန်စက်ကျေးရွာ (ဗဟိုစာသင်ကျောင်း)၊ ကုန်းလုံကျေးရွာ၊ ဖောင်းဆိုင်ကျေးရွာ၊ ပုန်းယမ်းကျေးရွာ၊ ကုန်းကောက်ကျေးရွာ၊ ပန်ဝါကျေးရွာ နှင့် နောင်ပူးကျေးရွာ စသည့် ကျေးရွာ ၇ ရွာတွင် ဘကကျောင်းများ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းကိုင်မြို့နယ် ဘုန်းတော်ကြီးစာသင်ကျောင်း

“ဒီကျေးရွာ ၇ ရွာလုံးက ပန်စက်ကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာတွေဖြစ်တယ်၊ ဒီရွာတွေဟာဆိုရင် သျှမ်းတောင် သျှမ်းမြောက် နယ်စပ်က ရွာဖြစ်နေတော့ မိုးတွင်းဆို သွားလာရေးခက်ခဲတယ်၊ ပြီးတော့ အခြေအနေအရပ်ရပ်ကြောင့် ဒီဒေသက ကလေးတွေ ပညာရေးနဲ့ သင်ကြားရေးနဲ့ ကင်းကွာနေတာ တစ်နှစ်ကျော်ကြပြီ၊ ဒါကြောင့် ဦးဇင်းတို့ကနေ ကလေးတွေရဲ့ ပညာရေးကို ရှေးရှူပြီး ဒီဘကကျောင်း ဖွင့်လှစ်ခဲ့တာပါ” ဟု ဘက ကျောင်းဖွင့်လှစ်မှုမှာ တာဝန်ရှိ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

အဆိုပါ ဘကကျောင်းကို အစိုးရသင်ရိုးညွှန်းတမ်းများနှင့်အညီ အခြေခံပညာ ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ပြီး ၅ တန်းအထိ သင်ကြားပေးမည်ဟုလည်း ဦးဇင်းက ဆက်လက်ပြောဆိုထားသည်။

မိုင်းကိုင်မြို့နယ် ဘုန်းတော်ကြီးပညာသင်ကျောင်း

ယင်းဘက ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် နမ့်လန်မြို့လယ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဆရာတော် ညာန္ဖောစ ၊ ဝိန်းစံမန်လီကျောင်းထိုင်ဆရာတော် ဝိရိယ၊ နမ့်လန်ကျောင်းတိုက် ဆရာတော် တက္ခညာန အပါအဝင် မြို့နယ်သံဃာနာယက အဖွဲ့ဝင် ဆရာတော်များ၊ ဦးဇင်းများ နှင့် ဒေသအသီးသီးမှ ဆရာတော်များ ပူးပေါင်းပါဝင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် နိုင်ငံရေး နှင့် စစ်ရေး စစ်ဒဏ်များ ကြုံခဲ့ဖူးသည့် ဒေသမှ ကလေးငယ်များ၏ ပညာရေးအတွက် ဖွင့်လှစ်ထားသည့် ဘကကျောင်းကို ကူညီလှူဒါန်း ထောက်ပံ့မှုများ ပြုလုပ်လိုပါက တာဝန်ခံဖုန်း 096-838-146-44 သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...