Friday, April 26, 2024

ဖယ်ခုံမြို့နယ် တိုက်ပွဲ PDF တစ်ဦးကျဆုံး စစ်ကောင်စီ အများအပြားသေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ယမန်နေ့ (မေလ ၁၅) ရက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိကြောင်းသိရသည်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

“ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ၁ ဦးကျသွားတယ်။ စစ်ကောင်စီဘက်တော့ ဘယ်လောက်ကျလည်းတော့ အတိကျမသိရဘူး။ ၁၀ ဦးလောက်တော့ မနည်းကျသွားမယ်ထင်တယ်။ ကျသွားတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပထမဆုံးတိုက်ပွဲဖြစ်လို့ ကျဆုံးသွားတာပါ” ဟု ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အလားတူ ယနေ့ (မေလ ၁၆ )ရက်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ရေးတင်းမာ နေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်စခန်းရှိရာနေရာသို့ တပ်စွဲလာနေကြောင်းသိရသည်။

“ တောင်ပို့ကွဲရွာဘက်မှာ စစ်ကောင်စီက တပ်စခန်းစွဲလာနေတယ်။ စစ်ရေးတော့ တင်းမာနေတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဖြစ်လည်းဖြစ်လာနိုင်တယ်” ဟု အထက်ပါ PDF ကပြောသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီဘက်မှ ယမန်နေ့  (မေ ၁၅)ရက် လေယာဉ်ဖြင့် ထိုးစစ်ဆင်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် ညောင်ရွှေမြို့နယ်အစပ် ဖယ်ခုံအပိုင် ဆောင်နန်းခဲကျေးရွာ တောင်ကြောပေါ်အထိ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article