Saturday, April 27, 2024

တောင်ကြီးမြို့ ပြည်သူများ အရေးကြီးကိစ္စမရှိဘဲ နက်ဖြန်တစ်ရက် အပြင်မထွက်ရန် SYFDA Rangers အသိပေး

Must read

သျှမ်းတောင် တောင်ကြီးမြို့ရှိ ပြည်သူများအနေဖြင့် မေလ ၁၄ ရက်တွင် ပစ်ခတ်မှုများဖြစ်ပွားနိုင်သဖြင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ကြရန် Shan Youth’s Federal Democratic Army (SYFDA-Rangers) မှ ယနေ့ (မေ ၁၃) ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

တောင်ကြီး

တောင်ကြီးမြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများဖောက်ခွဲသံများကြားပါက မစပ်စုဘဲ ပြည်သူများ မိမိတို့၏ နေအိမ်တွင်သာ လုံလုံခြုံခြုံနေရန် နှင့် အချိန်မရွေးပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သောကြာင့် SYFDA Rangers က အထူးအသိပေးထားသည်။

“မနက်ဖန် ကျနော်တို့ အရေးကြီးတဲ့ Mission လုပ်မှာမို့ပါ။ ဒါကြောင့် လမ်းသွားလမ်းလာတွေမလုပ်ဖို့ပါ။ နေရာတိုင်းမှာ ပစ်ခတ်မှုဖြစ်နိုင်လို့ပါ” ဟု SYFDA Rangers အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် SYFDA-Rangers အဖွဲ့သည် တောင်ကြီးမြို့ရှိ Play House Bar & Club ကို လုံခြုံရေး ယူပေး နေသည့် စစ်ကောင်စီတပ်သားတစ်ဦး မေလ ၁၂ ရက်က လက်နက်မပါဘဲ အပေါ့လာသွားစဉ် ဖမ်းဆီးထားပြီး စစ်ဆေးချိန်၌ လက်နက်လုကာ ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းကိုလည်း ယနေ့ (မေ ၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည်။

Shan Youth’s Federal Democratic Army (SYFDA-Rangers) အဖွဲ့ကို ယခင်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်က စစ်အာဏာရှင်မလိုလားသော‌ တောင်ကြီးမြို့ခံလူငယ်များဖြင့် စတင်တည်ထောင်ထားသည့် အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန်၊ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများရပ်တန့်ရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်သွားမည်ဖြစ်ကြောင်း ရည်ရွယ်ပြီး တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article