ပြည်သူတွေ ခက်ခဲနေသည့်ကြား ဓာတ်ဆီဈေး ထပ်မံမြင့်တက်

ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲနေသည့်အချိန် စက်သုံးဆီ ဓာတ်ဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (မတ်လ ၃)ရက်နေ့တွင် သျှမ်းပြည်အတွင်းရှိ ဓာတ်ဆီဆိုင်များသည် ၁ လီတာကို ၂ ထောင်ကျပ်ထိ မြင့်တက်လာပြီး ပြည်သူများ ခရီးသွားလာရေးအတွက် ခက်ခဲလာကြောင်း သိရသည်။

“တစ်လီတာကို ၂၀၀၀ ကျော်လောက်ပေးရတယ်။ ဈေးက အရမ်းကြီး တက်လာပြီ။ အရင်ကဆိုရင် ဈေးက အဲ့လောက်ထိ မကြီးဘူး။ ကျမတို့ ရေသန့်ဗူးနဲ့ တစ်ဗူးဆိုရင် ၂၅၀၀ ကျပ် ပေးရတယ်။ အရင်ကဆိုရင် ၁၀၀၀ ကျပ် ပေးရတာ” ဟု သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် နိုင်ငံရေးအခြေနေနှင့် ကိုဗစ် – ၁၉ ကပ်ရောဂါ ကာလကြား ပြည်သူများက စားဝတ်နေရေးခက်ခဲနေပြီး ဓာတ်ဆီဈေးပါ မြင့်တက်လာသောကြောင့် စက်ပစ္စည်းသုံးသူများအတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။

“ကျနော်ကတော့ မြို့ထဲသွားလာဖို့ပဲဆိုရင် စက်ဘီးတစ်စီး ကောက်ဝယ်ထားလိုက်ပြီ။ စက်ပစ္စည်းတွေသုံးဖို့ဆိုရင် ပိုက်ဆံက ရသလောက်နဲ့ မကိုက်တော့ဘူး။ စက်ပစ္စည်းတွေလည်း အများကြီးမသုံးရတော့ဘူး။ မဟုတ်ရင် စားဝတ်နေရေးအတွက် မကိုက်တော့ဘူး။ အခုတောင် ရှာစားဖို့ ခက်ခဲနေတယ်” ဟု သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိစက်သုံးဆီဈေးမြင့်တက်လာသောကြောင့် ပြည်သူများက ယခင်ထက် စားဝတ်နေရေးခက်ခဲလာသည့် အပြင် ခရီးသွားလာမှုများလည်း ရပ်တန့်ရကြောင်း သိရသည်။

“ကျမက မနက်ဆို ဈေးသွားရောင်းတယ်။ နေ့လည်ဆိုရင် ရွာပြန်ပြီး ခြံသွားတယ်။ အခုက ရွာလည်း သိပ်မပြန်ရတော့ဘူး။ ဆီဈေးကတက်တယ်။ ဆီဈေးက အရင်ကတည်းက တဖြည်းဖြည်းတက်လာနေတာပါပဲ။ အရမ်းမလိုအပ်ရင် ကျမတော့ ရွာကိုမပြန်ရတော့ဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အကြာတွင် မြန်မာနိုင်ငံတွင်းရှိ ကုန်ပစ္စည်းအားလုံး ဈေးမြင့်တက်လာပြီး သာမန်ပြည်သူများလည်း စားဝတ်နေရေး ခက်ခဲလာသည့်အပြင် အခြေခံလူတန်းစားများ အတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...