တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ဆေးမှု ပိုတင်းကြပ်လာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်တွင် ယခင်ထက် စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယခင်ထက် စစ်ကောင်စီတပ်ဖွဲ့များက အင်းအားတိုးချဲ့လာပြီး စစ်ဆေးမှုကို ပိုမိုတင်းကြပ်လာလျက်ရှိကြောင်း သိရသည်။

“စစ်ဆေးတာကတော့ ပိုပြီး စစ်ဆေးလာတယ်။ တစ်နေရာမှာ တားပြီး စစ်တာလည်းရှိတယ်။ တချို့နေရာမှာဆို စခန်းချပြီးတော့ စစ်ဆေးနေတာ။ သူတို့ အထင်တော့ PDF ရှိမယ်အထင်နဲ့ လိုက်ပြီးစစ်ဆေးနေတာထင်တယ်။ အဓိကတော့ ထောင်ကထွက်လာတဲ့သူတွေကို ပိုပြီး စစ်ဆေးနေတာ” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ကောင်စီများသည် လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းကိုလည်း စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

“လမ်းမှာ စစ်နေတာတော့ ရှိတယ်။ လမ်းသွားလမ်းလာနေရာမှာ ဖုန်းစစ်နေတယ်တဲ့။ ကျမ သူငယ်ချင်းက အပြင်သွားလာတာ သူ့ ဖုန်း စစ်ခံလိုက်ရတာ။ ဘာမှတော့ မဖြစ်ဘူး။ သူတို့ ဖုန်းထဲမှာ ဘာရှိလဲ ဆိုတာကို စစ်ဆေးတာ” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၀)ရက်နေ့က တာချီလိတ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများအနေဖြင့် လမ်းသွားလမ်းလာရာတွင် သတိထား သွားလာကြရန်အတွက် ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ရက် ၁၀၀” စီမံချက် လွိုင်လင် – မိုင်းပွန်ဂိတ် စစ်ဆေးမှုတင်းကြပ်၊ ငွေတောင်းကြမ်းနေ

0
စစ်အစိုးရသစ်၏ “ ရက် ၁၀၀” စီမံချက်ကြောင့် သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန် စစ်ဆေးရေး ဂိတ်တွင် ကုန်စည်စစ်ဆေးမှုတင်းကြပ်ပြီး ငွေတောင်းကြမ်းနေကြောင်း စုံစမ်းသိရသည်။ (မေလ ၁ ရက်)မှ စပြီး စစ်ကော်မရှင်၏ အစိုးရ “ရက် ၁၀၀” စီမံချက်အရ သျှမ်းပြည်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...