သျှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းထောက်များ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း သတင်းထောက်များ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် (၈)လကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် (၃)ဦး အပါအဝင် သတင်းသမားဟု စွပ်စွဲခံရသူ မိသားစုဝင် တစ်ဦး စုစုပေါင်း (၄)ဦးကို ယနေ့ ဒီဇင်ဘာ (၁၀)ရက်မှာ ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

“အခုလို အမြင့်ဆုံး ချမှတ်လိုက်တဲ့ အပေါ်မှာတော့ ထူးပြီး ပြောစရာ မရှိပါဘူး။ တစ်နိုင်ငံလုံးမှာ မတရားမှုတွေ စိုးမိုးနေတာကြောင့်ပါ။ ဒါပေမယ့် သတင်းသမား မဟုတ်တဲ့ မိသားစုဝင်ကို ဓါးစာခံမျိုး ဖမ်းပြီး ထောင်ချလိုက်တာတော့ အဓိပ္ပါယ်မရှိဘူး။ နောက်တစ်ချက်က မြန်မာနိုင်ငံနဲ့ သျှမ်းပြည်နယ်ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးခံလိုက်ရတာလို့ မြင်ပါတယ်” ဟု ကမ္ဘောဇတိုင်း အယ်ဒီတာ စိုင်းဇေတိုင်းက ပြောသည်။

ထောင်တွင်း တရားရုံးမှာ ဧပြီ (၈)ရက်မှ ယနေ့ ဒီဇင်ဘာ (၁၀)ရက်ထိ ရုံးချိန်း (၁၉)ကြိမ်အတွင်း စစ်ဆေးခြင်း၊ ကြားနာခြင်း စွဲချက် လျှောက်လဲချက်များ တင်ပြီးနောက် ယနေ့မှာ ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

“သီးသန့်တွေ့တာမျိုးတော့ မရဘူး။ တရားခံပြ သက်သေအနေနဲ့ ထွက်ဆိုတဲ့ မိသားစုဝင်တွေကတော့ စကားပြောခွင့်ရတယ်လို့သိရတယ်။ ထောင်ဝင်စာ ပစ္စည်းကတော့ (၂)ပတ် တစ်ကြိမ် ပို့ခွင့်ရတယ်” လို့ စိုင်းဇေတိုင်း က ပြောသည်။

ထိုထောင်ဒဏ်ချမှတ်ခံရသူ (၄)ဦးသည် မတ်လ (၂၄)ရက် ညပိုင်းက ဟိုပုံးမြို့ရှိ နေအိမ်မှာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် တောင်လေးလုံးထောင်တွင် (၈)လကျော်ကြာ ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။

သျှမ်းပြည်တွင်းရှိ သတင်းသမား (၁၀)ဦး ဖမ်းဆီးခံခဲ့ရသည့်အနက် (၄)ဦး ပြန်လည်လွတ်မြောက်လာကာ (၆)ဦး ကျန်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ (၁) ရက်က စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမား (၁၁၀) ဦး အနက် (၄၀) ဦးမှာ ယနေ့ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...