Wednesday, January 28, 2026

သျှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းထောက်များ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း သတင်းထောက်များ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် (၈)လကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် (၃)ဦး အပါအဝင် သတင်းသမားဟု စွပ်စွဲခံရသူ မိသားစုဝင် တစ်ဦး စုစုပေါင်း (၄)ဦးကို ယနေ့ ဒီဇင်ဘာ (၁၀)ရက်မှာ ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

“အခုလို အမြင့်ဆုံး ချမှတ်လိုက်တဲ့ အပေါ်မှာတော့ ထူးပြီး ပြောစရာ မရှိပါဘူး။ တစ်နိုင်ငံလုံးမှာ မတရားမှုတွေ စိုးမိုးနေတာကြောင့်ပါ။ ဒါပေမယ့် သတင်းသမား မဟုတ်တဲ့ မိသားစုဝင်ကို ဓါးစာခံမျိုး ဖမ်းပြီး ထောင်ချလိုက်တာတော့ အဓိပ္ပါယ်မရှိဘူး။ နောက်တစ်ချက်က မြန်မာနိုင်ငံနဲ့ သျှမ်းပြည်နယ်ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးခံလိုက်ရတာလို့ မြင်ပါတယ်” ဟု ကမ္ဘောဇတိုင်း အယ်ဒီတာ စိုင်းဇေတိုင်းက ပြောသည်။

ထောင်တွင်း တရားရုံးမှာ ဧပြီ (၈)ရက်မှ ယနေ့ ဒီဇင်ဘာ (၁၀)ရက်ထိ ရုံးချိန်း (၁၉)ကြိမ်အတွင်း စစ်ဆေးခြင်း၊ ကြားနာခြင်း စွဲချက် လျှောက်လဲချက်များ တင်ပြီးနောက် ယနေ့မှာ ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

“သီးသန့်တွေ့တာမျိုးတော့ မရဘူး။ တရားခံပြ သက်သေအနေနဲ့ ထွက်ဆိုတဲ့ မိသားစုဝင်တွေကတော့ စကားပြောခွင့်ရတယ်လို့သိရတယ်။ ထောင်ဝင်စာ ပစ္စည်းကတော့ (၂)ပတ် တစ်ကြိမ် ပို့ခွင့်ရတယ်” လို့ စိုင်းဇေတိုင်း က ပြောသည်။

ထိုထောင်ဒဏ်ချမှတ်ခံရသူ (၄)ဦးသည် မတ်လ (၂၄)ရက် ညပိုင်းက ဟိုပုံးမြို့ရှိ နေအိမ်မှာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် တောင်လေးလုံးထောင်တွင် (၈)လကျော်ကြာ ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။

သျှမ်းပြည်တွင်းရှိ သတင်းသမား (၁၀)ဦး ဖမ်းဆီးခံခဲ့ရသည့်အနက် (၄)ဦး ပြန်လည်လွတ်မြောက်လာကာ (၆)ဦး ကျန်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ (၁) ရက်က စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမား (၁၁၀) ဦး အနက် (၄၀) ဦးမှာ ယနေ့ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...