နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန် အသက် ၁၅-၂၀ ကြား မိန်းခလေးများအား UWSA ဆင့်ခေါ်

နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာလေ့ကျင့်ရမည့် အမျိုးသမီးစစ်ရေးပြများအတွက် အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား UWSA တပ်မဟာအသီးသီးက မိမိထိန်းချုပ် နယ်မြေအတွင်းဆင့်ခေါ် လေ့ကျင့်နေ သည်ဟု သတင်းရရှိသည်။


UWSA ထိန်းချုပ်ထားသည့် ပန်ဝိုင်၊ နားဖန်း မိုင်းမော ပန်ဆန်း နှင့် ထိုင်းနယ်စပ် တကြော ၀တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား ၂၀၁၈ ဂျူလိုင်လတွင် စတင် ဆင့်ခေါ်ကြောင်း၊ နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာမည့်သင်တန်းအား သြဂုတ်လ ၁ ရက်နေ့ တွင် စတင်ကြောင်း၊ အဆိုပါသင်တန်းမှ အမျိုးသမီးစစ်သည်စစ်ရေးပြရန်၊ ဧည့်ခံကြိုဆိုရန်၊ ကပြဖျော်ဖြေရန် စသဖြင့် သင်တန်းအသီးသီးခွဲပို့ကြောင်း ကလေးမိဘ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဟိုတောင်းနေ ကလေးမိဘ ဦးအိုက်ကပ် က – ကျနော့်သမီးကို ဂျူလိုင် ၂၃ နောက်ဆုံးထားပို့ရမယ် ပြောတော့ ပို့လိုက်ရဘီ။ သွားတွေ့ခွင့်လဲမပေးဘူး။ မိဘတောင် သွားတွေ့ခွင့်မရဘူးဆိုတော့ လုပ်နည်းလုပ်ဟန် က မဟုတ်သေးဘူးလို့မြင်မိတယ်။ တချို့ ကြိုသိတဲ့သူတွေတော့ တရုတ်ဘက်ကို တိမ်းရှောင်ကြတယ်။ ကျနော်တို့တော့ အိမ်နဲ့ ယာနဲ့ ဆိုတော့ ထွက်ပြေးလို့မရဘူး။ အဲဒီသင်တန်းရောက်ပြီး ထွက်ပြေးလို့ ဖမ်းမိရင် တကယ့် ထာဝရစစ်သားလုပ်ရမယ် ပြောတယ်၊ ဒါပေမယ့် ထွက်ပြေးကြတာဘဲ ၊ တရုတ်ဘက်ကို – ဟု ပြောသည်။

ထိုင်းနယ်စပ်အနီး မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ၀ တပ်ဖွဲ့ တပ်မဟာကြီး ၅ ခု၊ မြောက်ပိုင်း တရုတ်နယ်စပ် တွင် ၄ ခု တို့ နှစ် ၃၀ ပွဲအတွက် ကျရာ တာဝန် အသီးသီး တာဝန်ယူ ရသည်ဟုဆိုသည်။

တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက် တွင် နယ် ၅ ခု သတ်မှတ်ထားကြောင်း၊ မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုတောင်း၊ မိုင်းငျဲန်း၊ နမ့်ဖိုင် ဟူ၍ ရှိကြောင်း၊ တနယ်လျှင် အနည်းဆုံး မိန်းခလေး ၅၀ ဦး ၊ နယ်ကြီးပါက ၅၀ ဦးထက် ပိုကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ကိုယ့်အတွက်လုပ်တာမဟုတ်ဘူး။ ကိုယ့်ဒေသ ဂုဏ်သိက္ခာဘဲ။ တာဝန်ပျက်ကွက်လို့မရဘူး။ ကျရာတာဝန် ထမ်းဆောင်ရမှာဘဲ။ ဘာလူမျိုးမှ မခွဲခြားဘူး – ဟု တောင်ပိုင်း ၀ အရာ ရှိတဦးက ပြောသည်။

UWSA ၀ တပ်ဖွဲ့သည် ၁၉၈၉ ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဆန့်ကျင်ခွဲထွက်ကာ တပ်မတော် အစိုးရနှင့်အပစ်ရပ်ခဲ့သည်။ ထိုအနေ့အတွက် ဂုဏ်ပြုပွဲတော် ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...