သီတင်းကျွတ် အခါကြီးစျေးနေ့ နောက်ပိုင်း ပင်လောင်း ကိုဗစ်ကူးစက်မှု ပိုမြင့်တက်လာ

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် သီတင်းကျွတ်ကာလ အခါကြီးစျေးနေ့ရောင်းဝယ်ကြပြီး နောက်ပိုင်း ကိုဗစ် ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

သီတင်းကျွတ်နောက်ပိုင်း ကျေးရွာများမှ ကိုဗစ်ကူစက်မှု ပိုမိုမြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ကူးစက်မှုတွေ များလာကြောင်း သိရသည်။

“သီတင်းကျွတ် အခါကြီးစျေးနေ့နောက်ပိုင်း ပိုးကူးတာ ပိုများလာတယ်၊ ရွာဘက် ပိုများတယ်၊ မြို့ပေါ်က အနောက်ရပ်ကွက်မှာလည်း များတယ်” ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ (၂၈)ရက်တွင် အတည်ပြုလူနာ သေဆုံးသူ (၁)ဦးနှင့် ကိုဗစ်ကူးစက်ခံရသူ (၄၁)ဦးထိ တွေ့ရှိခဲ့ပြီး ပင်လောင်းမြို့ပေါ်ရပ်ကွက်အပြင် တီကျစ်၊ နောင်တရား၊ ပေါင်းလောင်းနှင့် အခြားကျေးရွာများတွင်လည်း ပိုးတွေ့လူနာများ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။

“တီကျစ်မှာလည်း ကူးတာများတယ်၊ စျေးတောင် ပြန်ပိတ်ထားရပြီ၊ လူရောင်းတဲ့လူလား၊ ဒေသခံလားတော့ သေခြာမသိဘူး၊ ပိုးကူးတဲ့သူ များလာတာတော့ ဟုတ်တယ်၊ စျေးနေ့တွေတုန်းက လူအရမ်းများတယ်လေ” ဟု တီကျစ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၂၁၆၄)ဦး ရှိပြီး သေဆုံးသူ (၂၁)ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၁၈၆၀)ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...