ဖမ်းဆီးခံ ကိုအောင်ဆန်းနေအိမ် ကျည်ဆံ ရှိသည်ဟု စစ်ကောင်စီ စွတ်စွဲ

သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားသည် ကိုအောင်ဆန်း၏ နေအိမ်တွင် ကျည်ဆံရှိသည်ဟု စွတ်စွဲထားကြောင်း စုံစမ်းသိရှိရသည်။

ကိုအောင်ဆန်းကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလအတွင်း ၎င်း၏ နေအိမ်ကို သွားရောက် ရှာဖွေရာတွင် ကျည်းဆံတွေ့သည်ဟုဆိုပြီးစွတ်စွဲထားကာ ကိုအောင်ဆန်းကို ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ပြန်မလွှတ်လာသေးဘူး။ သူတို့ ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီး ၁၅ ရက်လောက်ကြာမယ်ထင်တယ်။ တစ်ခါ သူ့အိမ်မှာ ပြန်လာရှာတယ်။ လာရှာတော့ ကျည်ဆံတွေ့တယ်လို့ပြောတယ်။ တကယ်တော့ ကိုအောင်ဆန်းမှာ ဘာမှမရှိဘူး။ ကိုအောင်ဆန်းက သူအလုပ်နဲ့တောင် သူမအားဘူး။ သူတို့ရဲ့ ဇာတ်ကွက်ဘဲဖြစ်မှာပါ” ဟု ကိုအောင်ဆန်းနှင့် ရင်းနှီသူက ပြောသည်။

လက်ရှိအချိန်တွင် ကိုအောင်ဆန်းကို ဖုန်းဆက်သွယ်ပြောခွင့်ရသော်လည်း လူနှင့်တွေ့ဆုံးခွင့် မရရှိသေးကြောင်း သိရသည်။ ကိုအောင်ဆန်းကို အမှုဖွင့်အရေးယူထားသော်လည်း ယနေ့ချိန်ထိ ရုံးထုတ်စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

“ဖုန်းနဲ့ပြောခွင့်ရတယ်။ လူကိုတော့ သူတို့မပေးတွေ့ဘူး။ ဒီနေ့ဖုန်းပြောခွင့်ရတယ်။ သူကျန်းမာရေးအခြေနေလည်းကောင်းတယ်။ သူ့ကို အမှုဖွင့်ထားတယ်လို့ပြောတယ်။ ကျနော်တို့လည်း ဘာအမှုနဲ့ဖွင့်လည်း မသိရဘူး။ ဒါ‌‌ပေမဲ့ ဒီနေ့ချိန်ထိတော့ ရုံးထုတ်ပြီး စစ်ဆေးတာတော့ မရှိသေးဘူး။” ဟု အထက်ပါလူက ပြောသည်။

ကိုအောင်ဆန်းသည် ပင်လောင်းမြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းခံထားရကြောင်း သိရသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄)ရက် မနက်ပိုင်းက တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်းနှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...