Wednesday, January 28, 2026

သီပေါမြို့တွင် ပြောင်းအဝယ်ဒိုင် ရွာသားတဦး ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စံဖိတ်ရွာသားတဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ၀င်ရောက် ပစ်ခတ်သောကြောင့် သေဆုံးသွားရကြောင်းသိရသည်။

ပစ်ခတ်ခံရသူ ဦးစိန်ဝင်း၏နေအိမ်

ဂျူလိုင်လ ၂၆ ရက် ည ၁၀ နာရီခန့်က သီပေါမြို့နယ် စံဖိတ်အုပ်စု စံဖိတ်ရွာသား ဦးစိန်ဝင်း (အသက် ၄၄ နှစ်) အား မျက်နှာဖုံးစွပ်ထားသော သေနတ်သမားတဦးက နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ်ရာ ကျည်ဆန် ၃ ချက် ထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။

သီပေါမြို့သားစိုင်းဆိုင်က – “ကျနော်တို့သီပေါမှာ အခုတလော လုံခြုံရေးလုံးဝ မရှိတဲ့အနေ အထား ဖြစ်နေပါတယ်။ အခု လုံးစိန်ဝင်းပစ်ခတ်ခံရမှုမှာလည်း ပစ်ခတ်မှုလက်သည်က ၂ ယောက်လာတယ် ဆိုင်ကယ်နဲ့။ တယောက်ကဝင်ပစ်ပြီး နောက်တယောက်က ဆိုင်ကယ်မှာစောင့်တယ်။ လက်သည်တွေကို ရဲတပ်ဖွဲ့က မဖမ်းမိသေးတော့ ဘယ်သူမှန်းမသိရသေးဘူး ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်ခံရသူ ဦးစိန်ဝင်းမှာ တအာင်းအမျိုးသားတဦးဖြစ်ကြောင်းသိရသည်။ ၄င်းသည် သီပေါမြို့နှင့် ၁ မိုင်ခန့် အကွာရှိ ၀မ့်စံဖိတ်ရွာတွင် ပြောင်းဖူးအဝယ်ဒိုင်လုပ်ငန်းလုပ်ကိုင်နေပြီး နေအိမ်တွင်လည်း ကုန်စုံဆိုင်ဖွင့်လှစ် ထား ကြောင်းသိရသည်။

လုပ်ကြံပစ်သတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော သီပေါမြို့နယ်တွင် ယခုနှစ် ရ လတာကာလအတွင်း လူ ၁၀ ဦးထက်မနဲ ပစ်သတ်ခံခဲ့ရကြောင်း   နာရေးကူညီမှုအသင်း၏ ဖေ့စ်ဘုစာမျက်နှာ တွင်ဖော်ပြထားချက်အရသိရသည်။

သီပေါမြို့နယ်အတွင်း တရားဥပဒေမဲ့ ပစ်ခတ်မှုများ ရပ်တန့်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးမှုလိုအပ် နေသည်ဟုဆိုသော်လည်း အစိုးရ တပ်မတော်စစ်ကြောင်းများ ရှိနေသော်လည်း ပစ်ခတ်ခံရမှုရှိနေကြောင်း၊ လက်ရှိအနေအထားတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ အားထား၍ မရတော့ကြောင်း ပစ်ခတ်ခံရမှု အနီးနေထိုင်သည့် စိုင်းဆိုင်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

မိုင်းယုမြို့ အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှူးယာဉ်တန်း ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းယုမြို့အခြေစိုက် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှူး ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၄)ရက်တွင် မိုင်းယောင်းမြို့နယ် ဝမ်ဟွေ့ထမ့်ရွာ၌ မိုင်းယုမြို့အခြေစိုက် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ် တပ်မှူး လုတ်ချာ ဦးဆောင်ပြီး ရွာသားများနှင့် အစည်းအဝေး...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...