အာခါတိုင်းရင်းသားဝန်းကြီးဟောင်း ဦးယာကုပ် အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရ

စစ်အာဏာသိမ်းမှုကို လက်မခံသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးယာကုပ် ကို စစ်ကောင်စီမှ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် အာခါတိုင်းရင်း သားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် NLD ပါတီမှ ဦးယာကုပ်အား အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စရဖ(စရတ)က စက်တင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် သာမာန်အရပ်သား ရိုးရိုးအပါအဝင်ကို သူတို့က အမှုတွေ လျှောက်တပ်ပြီး တရားစွဲနေတာပဲ၊ ခုဆိုလည်း CRPH နဲ့ NUG တို့ကို ထောက်ခံလို့ဆိုပြီး ဦးယာကုတ် ကို တာချီလိတ် စအဖက တပ်ကြပ် နန်းဝင်းဌေးက တရားလိုပြုပြီး တရားစွဲနေတာတဲ့” ဟု တာချီလိတ်မြို့နေ NLD ပါတီဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာခါတိုင်းရင်းသားဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် ဦးယာကုတ်အား CRPH၊ NUG PDF တို့နှင့် ချိတ်ဆက် ပက်သက်မှုရှိသည်ဟုဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တာချီလိတ်)မှ တပ်ကြပ် နန်းဝင်းဌေး က တရား လိုပြုလုပ်ကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၁၂/၂၀၂၁အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှလွှဲပြီး ၂၀၂၀ ရွေးကောက်ပွဲက အနိုင် ရပါတီများထဲမှ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်မခံရသည့်အပြင် တိမ်းရှောင် လွတ်မြောက်နေသည့် အနိုင်ရ ကိုယ်စားလှယ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူနေကြောင်း သိရသည်။

လက်ရှိတွင် သျှမ်းပြည် အရှေ့ပိုင်းအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး ဖမ်းဆီးရန် ဝရမ်းထုတ်ခံထားရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝင်များ ဖြစ်ကြသည့် တာချီလိတ်မြို့မှ ဦးစိုင်းဆိုင်တွီ၊ ဦးယာကုပ်၊ မိုင်းယောင်းမြို့မှ ဦးစိုင်းရှဲန်တစ်လုံ၊ ကျိုင်းတုံမြို့မှ ဒေါက်တာ ဝဏ္ဏစိုး အပြင် “ဝ”အမျိုးသားပါတီ(WNP)မှ မိုင်းတုံမြို့တွင် ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)တို့ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...