Tuesday, January 27, 2026

နမ္မတူမြို့နယ် စုကြေးငွေကျပ်သိန်း ၂၀၀၀ လိမ်လည်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ အမျိုးသမီး တစ်ဦးသည် စုကြေးငွေ ကျပ်သိန်း ၂၀၀၀ ကို လိမ်လည်ပြီး ထွက်ပြေးနေကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် စုကြေးငွေ အများအပြားပြုလုပ်ကြပြီး ထိုစုကြေးငွေကို လိမ်သွားသည် ဒေါ်စန်းစန်းထွေးသည် ထွက်ပြေးလွှတ်မြောက်နေကြောင်း ၊ ထိုလိမ်မှုကြောင့် ငွေကြေး ဆုံးရှုံးသည့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း နမ္မတူမြို့နယ် ငွေလိမ်ခံရသည့် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ နမ္မတူက ပိုက်ဆံစုစုပေါင်း ကျပ်သိန်း ၂၀၀၀ လောက် ပါသွားတယ်။ ငွေလိမ်ခံရတဲ့ ဦးလေးတယောက် ကျပ်သိန်း (၆၀) ဆုံးရှုံးတယ်။ ကျမလည်း (၁၅)သိန်းလောက်ပါသွားတယ်လေ။ နှစ်နှစ်ခါခါ မစားရက်ဘဲ စုထားတဲ့ ပိုက်ဆံလေ။ သူက သွေးတိုးရောဂါရှိတော့ အဲလူက ထွက်ပြေးသွားပြီး လို့သိလိုက်တာနဲ့ သွေးတက်ပြီး တစ်ရက်၊ နှစ်ရက်လောက်နေပြီး သေသွားတာ” ဟု ၎င်းအမျိုးသမီး က ဆိုသည်။

စုကြေးငွေ ကျပ်သိန်း ၂၀၀၀ လိမ်ညာသွားသည့် အမျိုးသမီးသည် လက်ရှိမှာ မည်သည့်နေရာ ရှောင်ပြေးနေသည် မသိရှိကြောင်း ရဲများကို တိုင်ကြားအကြောင်းကြားထားသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

လက်ရှိကာလသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုနှင့် နိုင်ငံရေး ရှုပ်ထွေးမှုကြား စီးပွားရေး အဆင်မပြေမှုကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

“အခုကာလနဲ့ က ဘာအလုပ်မှမရှိဘူး။ ယောင်္ကျားလည်း အလုပ်နား၊ ရဲကိုသွားတိုင်လည်း ရဲတွေက မဖမ်းပေးနိုင်ဘူး။ အမှုဖွင့်တာမျိုးလည်းမရှိဘူး” ဟု အထက်ပါ အမျိုးသမီးတဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် စုကြေးငွေကြောင့် လိမ်ပြီး ထွက်ပြေးသွားသည့် အကြိမ်ရေ (၄) ကြိမ်ရှိပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် လူယုံအချင်းချင်းကြား ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား

0
သျှမ်းပြည် မူဆယ်မြို့ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် အသိမိတ်ဆွေများထံ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ တောင်ရပ်ကွက်ရှိ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဒေသခံ အသိမိတ်ဆွေများထံ အကြောင်းအမျိုးမျိုးပြပြီး ကျပ်ငွေသိန်းပေါင်း ၃၀၀၀ ကျော် လိမ်လည်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူက...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

ကျောက်စိမ်း ရှယ်ယာဖြတ်သည် ဆိုကာ အကြီးအကျယ် လိမ်လည်နေ

0
လူမှုကွန်ရက် Facebook မှ တိက်ရိုက် Live လွှင့်၍ ကျောက်စိမ်း ရှယ်ယာဖြတ်သည်ဟု ဆိုကာ အကြီးအကျယ် လိမ်လည် နေသဖြင့် ကျောက်စိမ်း ဝါသနာရှင်များ အနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရေး သတိပြုရန် လိုအပ်ကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် ကျောက်စိမ်းလောကသားများက ပြောသည်။ ယခု...