ပင်လုံမြို့ ဧည့်စာရင်းစတင်စစ်မည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ယနေ့ (စက်တင်ဘာ ၂၁) ရက် ည ၉ နာရီအချိန်မှ စကာ ဧည့်စာရင်းစစ်မည် ဟု အုပ်ချုပ်ရေးမှူးများက အသိပေးလိုက်ကြောင်း သတင်းရရှိသည်။

ဧည့်စာရင်းဆင်း စစ်ဆေးရာတွင် ပင်လုံမြို့ရှိ ဌာန ဆိုင်ရာပေါင်းစုံက ပူးပေါင်းဆောင်ရွက်ပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ ဌာနဆိုင်ရာ အကုန်ုလုံးပူးပေါင်းပြီးတော့ဆင်းစစ်မှာပါ။ ဒီနေ့ စပြီးစစ်မှာပါ။ လဝက၊ မီးသတ်၊ထွေအုပ်၊ ရဲတွေ၊ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေပါတယ်။ ကျနော်တို့လည်း လိုက်ဆင်းသွားမှာပါ။ ဘာလို့လည်းဆို သူတို့ ပြည်သူတွေကို လျောက်လုပ်မိမှာကြောက်ရတယ်လေ” ဟု အမည်နှင့် ရာထူးကို မဖော်ပြလိုသည့် အမျိုးသားတဦးက ပြောသည်။

ပင်လုံမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်မည်သူများ၊ PDF များရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဧည့်စာရင်း စတင်စစ်မည်ဖြစ်ကြောင်းသိရသည်။

“ သူတို့ တော်လှန်ရေးသမားတွေရောက်နေမှာကို စိုးရိမ်လို့ထင်တယ်။ အဲကြောင့် သူတို့ ဧည့်စာရင်း စစ်မှာထင်တယ်။ ပင်လုံမှာက ပုံမှန်ပါပဲ။ ဘာမှတော့ မရှိဘူး။ သူတို့ တော်လှန်ရေးသမားတွေကို ကြောက်လို့ လိုက်စစ်ဆေးတာပဲ” ဟု ပင်လုံမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်ဆေးမှုကို အကြောင်းပြပြီး လူငယ်များကို ဖမ်းဆီးမှု ပြုလုပ်နေသည့် သတင်းကိုနေ့စဉ်နှင့်အမျှ ကြားရသဖြင့် ပြည်သူများတချို့က စိုးရိမ်မှုရှိကြောင်း သိရသည်။

“ ကျမတို့က မကြောက်ပါဘူး။ ဒါပေမယ့်စိုးရိမ်တာတော့ရှိတာပေါ့။ တခါမှ ဧည့်စရင်းစစ်တာမျိုး မခံဖူးဘူး။ သူတို့ မကောင်းတာလာလုပ်မှာဘဲ စိုးရိမ်ရတယ်။” ဟု ပင်လုံမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ညမထွက်ရ အမိန့် ကိုထုတ်ပြန်ခဲ့ပြီးနောက် ဧည့်စာရင်းများကို ပါစစ်ဆေးလာခဲ့ကြောင်းသိရသည်။

ပင်လုံမြို့တွင် အာဏာသိမ်းပြီး (၇) လအကြာတွင် ယခု ပထမဆုံးအကြိမ် ဧည့်စာရင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တွင် ညအချိန်မတော် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသည့် လူငယ်(၃၀)ကျော်ရှိကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...