Thursday, April 18, 2024

ဖယ်ခုံအင်းအစပ် ပြည်သူများနေအိမ် PNO /PNA တပ် စခန်းလာချ

Must read

သျှမ်းပြည် တောင်ပိုင်း သျှမ်းပြည် – ကယား နယ်စပ်ရှိ နန်းတုတ်ကျေးရွာတွင် PNA/ PNO တပ်သားများက ကျေးရွာတွင်း နေအိမ်များအတွင်း လာရောက် စခန်းချသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

PNO /PNA

သျှမ်းပြည်တောင်ပိုင်းရှိ အထူးဒေသ (၆) နယ်မြေ လုံခြုံရေး အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် PNA/PNO တပ်သားများက လာရောက်စခန်းချထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ နေ့လည်ပိုင်း ၁၁ ဝန်းကျင်လောက်ကနေ စပြီး နန်းတုတ် ကျေးရွာမှာ တစ်အိမ်ကို သုံးယောက် နှုန်းနဲ့ လူခွဲပြီး နေနေကြတယ်၊ သူတို့ အထူးဒေသ (၆)နယ်မြေ လုံခြုံရေး အရ အဲ့လို တပ်ဆွဲထားရတယ်ပြောတယ်၊ သူတို့ အင်အား ၅၀ ကျော်လောက်ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ နမ့်တုန်ကျေးရွာသည် သျှမ်း-ကယားနယ်စပ် ဖယ်ခုံအင်းအနီးတွင် တည်ရှိနေပြီး ဤကဲ့သို့ PNA/PNO စစ်သားများက လာရောက် စခန်းချ နေရာယူထားတဲ့ အတွက် ဒေခံများကလည်း စိုးရိမ်နေကြကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်း ( နာမည်လွဲ)ကလည်း ကသျှမ်းသံတော်ဆင့်ကို ပြောပြထားသည်။

PNO /PNA

“ကျနော်တို့ရွာသားတွေကတော့ ထိတ်လန့်နေတာ အမှန်ပဲ၊ စစ်သားတွေက ရွာထဲနေရာယူရုံတင်မကဘူး အိမ်ဝိုင်းထဲထိ ဝင်ရောက်ပြီးတော့ နေရာယူထားတာ၊ အရင်တုန်းကလည်း ဦးအောင်ခမ်းထီ အဖွဲ့ PNO/PNA အဖွဲ့ နဲ့ PLNO/PLNA အဖွဲ့ တို့က မကြာခဏ တိုက်ခိုက် တာမျိုးရှိဖူးတယ်၊ အခုလည်း ဒီကယားဖက်မှာ PDF တွေရှိနေတာဆိုတော့ တိုက်ပွဲဖြစ်မှာ ကြောက်ကြတယ်” ဟု ကိုထွန်း နာမည်(လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်တုန်ကျေးရွာအတွင်း အရပ်သားနေအိမ်ထဲသို့ PNO /PNA တပ်သားများလာရောက် စခန်းချ တပ်စွဲထားပြီး ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

PNO /PNA

လက်ရှိ နမ့်တုတ်ကျေးရွာအုပ်စုအတွင်းလာရောက်စခန်းချသည့် PNA/PNO တပ်သားများသည် ပြီးခဲ့သည့် ဇူလိုင်လပိုင်းတွင် ကျဆုံးသွားသည့် ဆရာလာ ဦးဆောင်သော အဖွဲ့ဖြစ်ပြီး လွန်ခဲ့သည့် လပိုင်းကလည်း သျှမ်း-ကယားနယ်စပ်အတွင်း လှုပ်ရှားသည့် PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် အပြင် စစ်ကောင်စီ ဘက်တော်သား အဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article