ဖယ်ခုံအင်းအစပ် ပြည်သူများနေအိမ် PNO /PNA တပ် စခန်းလာချ

သျှမ်းပြည် တောင်ပိုင်း သျှမ်းပြည် – ကယား နယ်စပ်ရှိ နန်းတုတ်ကျေးရွာတွင် PNA/ PNO တပ်သားများက ကျေးရွာတွင်း နေအိမ်များအတွင်း လာရောက် စခန်းချသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

PNO /PNA

သျှမ်းပြည်တောင်ပိုင်းရှိ အထူးဒေသ (၆) နယ်မြေ လုံခြုံရေး အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် PNA/PNO တပ်သားများက လာရောက်စခန်းချထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ နေ့လည်ပိုင်း ၁၁ ဝန်းကျင်လောက်ကနေ စပြီး နန်းတုတ် ကျေးရွာမှာ တစ်အိမ်ကို သုံးယောက် နှုန်းနဲ့ လူခွဲပြီး နေနေကြတယ်၊ သူတို့ အထူးဒေသ (၆)နယ်မြေ လုံခြုံရေး အရ အဲ့လို တပ်ဆွဲထားရတယ်ပြောတယ်၊ သူတို့ အင်အား ၅၀ ကျော်လောက်ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ နမ့်တုန်ကျေးရွာသည် သျှမ်း-ကယားနယ်စပ် ဖယ်ခုံအင်းအနီးတွင် တည်ရှိနေပြီး ဤကဲ့သို့ PNA/PNO စစ်သားများက လာရောက် စခန်းချ နေရာယူထားတဲ့ အတွက် ဒေခံများကလည်း စိုးရိမ်နေကြကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်း ( နာမည်လွဲ)ကလည်း ကသျှမ်းသံတော်ဆင့်ကို ပြောပြထားသည်။

PNO /PNA

“ကျနော်တို့ရွာသားတွေကတော့ ထိတ်လန့်နေတာ အမှန်ပဲ၊ စစ်သားတွေက ရွာထဲနေရာယူရုံတင်မကဘူး အိမ်ဝိုင်းထဲထိ ဝင်ရောက်ပြီးတော့ နေရာယူထားတာ၊ အရင်တုန်းကလည်း ဦးအောင်ခမ်းထီ အဖွဲ့ PNO/PNA အဖွဲ့ နဲ့ PLNO/PLNA အဖွဲ့ တို့က မကြာခဏ တိုက်ခိုက် တာမျိုးရှိဖူးတယ်၊ အခုလည်း ဒီကယားဖက်မှာ PDF တွေရှိနေတာဆိုတော့ တိုက်ပွဲဖြစ်မှာ ကြောက်ကြတယ်” ဟု ကိုထွန်း နာမည်(လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်တုန်ကျေးရွာအတွင်း အရပ်သားနေအိမ်ထဲသို့ PNO /PNA တပ်သားများလာရောက် စခန်းချ တပ်စွဲထားပြီး ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

PNO /PNA

လက်ရှိ နမ့်တုတ်ကျေးရွာအုပ်စုအတွင်းလာရောက်စခန်းချသည့် PNA/PNO တပ်သားများသည် ပြီးခဲ့သည့် ဇူလိုင်လပိုင်းတွင် ကျဆုံးသွားသည့် ဆရာလာ ဦးဆောင်သော အဖွဲ့ဖြစ်ပြီး လွန်ခဲ့သည့် လပိုင်းကလည်း သျှမ်း-ကယားနယ်စပ်အတွင်း လှုပ်ရှားသည့် PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် အပြင် စစ်ကောင်စီ ဘက်တော်သား အဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...