Saturday, May 4, 2024

သီပေါမြို့ပေါ် ကိုဗစ် ကူးစက်မှုနှုန်း ကျပြီး ကျေးရွာမှာ မြင့်တက်နေဆဲ

Must read

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူဦးရေ ထက်ဝက်ကျော်ခန့်ထိ ကျဆင်းသွားသော်လည်း ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ်တွင် ယခင်က တစ်ရက်လျှင် ပျမ်းမျှ (၂၀)ဦး အထက် ကိုဗစ်ကူးစက်ခံနေရတာဖြစ်ပြီး ယခုရက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ (၁၀)ဦးဝန်းကျင်သာရှိသည့်အတွက် ကူးစက်မှုရာခိုင်နှုန်းထက်ဝက်ကျော် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

“မြို့ပေါ်မှာတော့ ကိုဗစ်ကူးစက်တာ အများကြီးကို လျော့သွားပြီဆိုပေမယ့် ရွာပိုင်းမှာတော့ မကျသေးဘူး၊ အရင်လိုပဲ တစ်နေ့ကို (၂)ယောက် (၃)ယောက်ရှိနေသေးတယ်” ဟု သီပေါမှ ပရဟိတဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာတစ်ချို့ရှိ ပြည်သူများသည် ရာသီတုပ်ကွေးဟု မှတ်ယူကာ ဆေးရုံဆေးခန်းသို့ လာရောက်ပြသခြင်းမရှိကြောင်း၊ အသက်ရှူခက်ခဲမှ ဆေးရုံသို့ အရေးပေါ် လာပြနေသည့်အတွက် အသက်အန္တရာယ် ထိခိုက်နေတာရှိကြောင်း ဒေသခံတစ်ဦးက ခုလိုပြောသည်။

“တချို့ကျေးရွာတွေမှာက ရာသီတုပ်ကွေးဖြစ်တာလို့ပဲ မှတ်ယူနေကြတုန်း၊ နေမကောင်းဖြစ်နေလဲ ဆေးခန်းလာမပြဘူး၊ အသက်ရှူရကြပ်ပြီ ဆိုမှ ဆေးရုံဆေးခန်းကိုလာပြကြတာဆိုတော့ အသက်အန္တရာယ် ထိခိုက်တာပေါ့” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါဒေသခံများအနေဖြင့် အသက်ရှူရခက်ခဲမှ ဆေးရုံလာပြတာထက် နေမကောင်းဖြစ်ပါက ဆေးရုံဆေးခန်းသို့ အမြန်ဆုံးလာပြကာ စစ်ဆေးသင့်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

Stay at home သတ်မှတ်ခံထားရသည့် သျှမ်းမြောက် သီပေါမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၀၀၀)ကျော် ရှိနေပြီး သေဆုံးသူ (၆၀)ခန့်၊ ဆေးရုံဆင်းခွင့်ရသူ (၈၀၀)နီးပါး ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article