Wednesday, January 28, 2026

သီပေါ ကျေးရွာများထိ ကိုဗစ်ကူးစက်မှု မြင့်တက် သေဆုံးမှုထိရှိ

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်ကူးစက်မှု နေ့စဉ် မြင့်တက်နေပြီး ကျေးလက်ဒေသများအထိပင် ကူးစက်မှု ရှိလာပြီး၊ သေဆုံးထိရှိကြောင်း သိရသည်။

သို့သော် ကျေးရွာလူထု ပူးပေါင်းပါဝင်မှု အားနည်းနေသည့်အတွက် ကိုဗစ်ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာမှာကို စိုးရိမ်နေကြောင်း သီပေါမှ ပရဟိတအသင်းဝင်တစ်ဦးက ခုလို ပြောသည်။

“အခုထိ တချို့သူတွေက မယုံကြသေးဘူး၊ အဲ့လိုတွေ ကြုံနေရတော့ အရမ်းအန္တရာယ်ကြီးတာပေါ့၊ တကယ်လို့ ဖျားနာတာ နေမကောင်းဖြစ်နေတာတွေရှိရင် ချက်ချင်းအကူညီလှမ်းတောင်းပါ အချိန်မရွေးကို လာကူမယ်၊ ခုထိ ကျေးရွာတွေ ပူးပေါင်းမှုက အားနည်းလွန်းတော့ ရောဂါပိုး ပိုပြီး ပျံ့သွားမှာကိုစိုးရိမ်တယ်” ဟု အဆိုပါ ပရဟိတ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်ရှိ ဆွတ်လန်းကျေးရွာတွင် ယမန်နေ့က လူတစ်ဦး လဲကျသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ တချို့ကျေးရွာများတွင်လည်း ရုတ်တရက်သေဆုံးသူများ ရှိနေကြောင်း သိရသည်။

ထို့အပြင် သီပေါမြို့ပေါ်ရှိ သံဃာတော်များလည်း ကိုဗစ်ကူးစက်ခံနေရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“မြို့အဝင်မှာရှိတဲ့ ရွှေမောင်းကျောင်းက သီလရှင် (၃)ပါးကို မနေ့က စစ်လိုက်တာ အားလုံး Positive ထွက်တယ်၊ ခုဆို ကိုဗစ် ပိုးတွေ့တဲ့ သီလရှင် အားလုံး (၈)ပါးရှိပြီ၊ ဦးဇင်းက (၃)ပါးရှိတယ်၊ နောက်ထပ် ဦးဇင်းတွေကို ဒီနေ့ စစ်ဆေးဖို့ လုပ်နေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်တွင်လည်း သီပေါ ဘုရားကြီး ကျောင်းရှိ သံဃာ (၁၅)ပါး ကိုဗစ်ကူးစက်ခံရပြီး ယခုတွင် အဆိုပါ သံဃာတော်များ ကျန်းမာရေးပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။
Stay at home မြို့နယ်ဖြစ်သည့် သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် (၃၀၀)ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ယမန်နေ့အထိ နမ့်လန်ဒေသအပါအဝင် သီပေါမြို့နယ်တွင် ကိုဗစ် ကူးစက်လူနာ (၇၀၀)ခန့် ရှိနေပြီး သေဆုံးသူ (၃၀)ကျော်နှင့် ဆေးရုံဆင်းခွင့်ရသူ (၃၀၀)ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...