မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် စင်္ကာပူနိုင်ငံတွင် တရားဟောမည်

0

မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ခေါ် ဦးဉာဏသံဝရ သည် စင်္ကာပူသို့ တရားဟောရန် ကြွတော်မူမည်ဟု သတင်းရရှိသည်။

မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်အား ထိုင်းဘုရင်မင်းမြတ်မှကပ်လှူသော ၀ါဆိုသင်္ကန်းစည်းထားပြီး ဘုရင့်ကိုယ်စားလှယ် အမတ်နှင့်အတူ တွေ့ရစဉ်

စင်္ကာပူတွင် ဇူလိုင် ၁၁ မှ ၁၂ ရက်ထိ တရားဟောကြားရန် အတွက် ဘန်ကောက်လေဆိပ်မှ ဇူလိုင် ၁၀ ရက်နေ့တွင် ကြွမည်ဟု မိုင်းဖုန်းဆရာတော် နှင့် နီးစပ်သည့် တာချီလိတ်မြို့နေ ဆရာတော် ဦးဉာဏသီရိ က မိန့်ကြားသည်။

“ခူဝါးဝန်းစုမ့် မနက်ဖန် စင်္ကာပူသွားမယ်။ ဘန်ကောက်ကနေ သွားမယ်။ ဆရာတော်နဲ့ အတူ ဘယ်သူတွေ လိုက်သွားမယ်ဆိုတာတော့ မသိသေးဘူး။ အောက်စဖိုဒ့်တက္ကသိုလ် ဗုဒ္ဓဝိဟာရ ဆရာတော် ပါမောက္ခဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ ကတော့ စင်္ကာပူ မှာစောင့်နေမယ်” ဟု ဦးဉာဏသီရိက မိန့်ကြားသည်။

မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ခေါ် ဦးဉာဏသံဝရ သည် ထိုင်း၊ သျှမ်း ဘာသာဖြင့် တရားဟောမည်ဖြစ်ပြီး ပါမောက္ခ ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ က အင်္ဂလိပ်ဘာသာပြန်ပေးမည် ဟုလည်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် စင်္ကာပူ ကို ဓမ္မဒူတ သာသနာပြု ခရီးကြွရောက်မည်ဖြစ်ပြီး၊ ဆရာတော်သည် အော့စဖိုဒ် ဗုဒ္ဓဝိဟာရ(စင်္ကာပူ နိုဝေးနား ကျောင်းတိုက်တွင် သီတင်းသုံးမည်ဟုလည်း သိရသည်။

မိုင်းဖုန်းဆရာတော်ခူးဝါးဝန်းစုမ့်အား ပြီးခဲ့သည့် အပတ် ဇူလိုင်လ ရ ရက်နေ့က ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။

Leave a Comments

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here