Friday, April 26, 2024

တောင်ကြီးမြို့နယ်အတွင်း အောက်စီဂျင်ပန့်များ တပ်ဆင်မည်

Must read

သျှမ်းပြည် တောင်ကြီးမြို့နှင့် တခြားသော မြို့နယ်များတွင် အများပြည်သူများအတွက် အောက်စီ ဂျင်ပန့်များ တပ်ဆင်မည်ဖြစ်ကြောင်း သတင်း သိရသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့တွင်လည်း မြို့နေ ပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး အောက်စီဂျင် ဝယ်ယူ စုဆောင်းမှုမျိုး မဖြစ်စေရန် ရည်ရွယ်ပြီး အေးသာယာမြို့အတွက် အောက်စီဂျင်ပန့် တစ်ခု တည်ဆောက်နေ လျက်ရှိကြောင်း အေးသာယာမြို့ အောက်စီဂျင် ဖြစ်မြောက်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ကိုဝင်းနိုင်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အောက်စီဂျင်ပန့်လို့ ဆိုပေမယ့် စက်ရုံ အကြီးကြီးတွေတည်ဆောက်တာ မဟုတ်ဘူးဗျ၊ အေးသာယာမှာ အောက်စီဂျင် ပြတ်လပ်မှုမဖြစ်ပေါ်စေဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လိုအပ်လာရင် အလွယ်တကူ ရယူ ငှားရမ်းနိုင်ဖို့ စီစဉ်ပေးသွားမှာ”ဟု အေးသာယာမြို့ အောက်စီဂျင်ပန့် ဖြစ်မြောက်ရေးကော်မတီအဖွဲဝင် ကိုဝင်းနိုင်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အေးသာယာမြို့အတွက် အောင်စီဂျင်ပန့်ကို အများပြည်သူ အလှူရှင်များ ထည့်ဝင်လှူဒါန်းထားသော ငွေများ ဖြင့် အေးသာယာမြို့အတွက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးပေါင်း ၆၀ ဝယ်ယူထားရှိရန် ရည်မှန်းထားကြောင်းလည်း ကိုဝင်းနိုင်ဦးက ပြောသည်။

“ကျနော်တို့ ရည်ရွယ်ထားတာတော့ အောက်စီဂျင် ၄၀ လီတာအိုး အလုံး ၆၀ ခန့်ထားမယ်၊ အဲ့ အလုံး ၆၀ ကို အောက်စီဂျင် ပြန်ဖြည့်ပေးနိုင်ဖို့ကတော့ ဒီအေးသာယာမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံတွေကို အကူအညီတောင်း ပြီး ပြန်ဖြည့်မယ်၊ နောက် တောင်ကြီးကလည်း စက်ရုံတည်မယ်ဆိုတော့ ကျနော်တို့က မျှသုံးဖို့ ရှိပါတယ်” ဟု ၎င်းပြောသည်။

ထို့အတူပင် ဆီဆိုင်မြို့နယ်တွင် ပြင်ပအလှူရှင်နှင့် မြို့နယ်ဆရာဝန်တို့ ပူးပေါင်းပြီး ကိုဗစ် – ၁၉ ကူးစက် ရောဂါအတွက် ရောဂါထိန်းချုပ်ကုသနိုင်ဖို့အတွက် အရေးပေါ်ကုသခန်း (ICU) အပါအဝင် အောက်ဆီဂျင်ဗူး တပ်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မြို့တော်တောင်ကြီးတွင်လည်း ပြည်သူများ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်သည့် ကိုဗစ် – ၁၉ ကူးစက်ရောဂါမှ ကယ်တင်နိုင်ရန်နှင့် အောက်စီဂျင်လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးရန် ငွေကျပ် သိန်း ၁၂၀၀ ကျော် ကုန်ကျမည့် အောက်စီဂျင်ထုတ်စက်ရုံ တည်ဆောက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article