တောင်ကြီးမြို့ ကိုဗစ်-၁၉ လူနာများအတွက် နေရာခက်ခဲနေ

0

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ ကလေးဆေးရုံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ အသစ်နှင့် လူနာဟောင်းများ ရောနှော ထားသဖြင့် လူနာများအတွက် နေရာအခက်အခဲဖြစ်နေကြောင်းသိရသည်။

ကိုဗစ် ၁၉ လူနာဟောင်းများသည် သက်သာလာပြီး ဆေးရုံဆင်းရန်သာစောင့်ဆိုင်းနေချိန် ယမန့်နေ့ ဇူလိုင်း ၁၉ တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ အသစ်ပြန်လည်ရောက်လာပြီး ကျန်းမာရေးဝန်ထမ်းများက ထိုကိုဗစ်လူများကို ရောထားသဖြင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ မနေ့ကမှ positive လူနာ ၈ ယောက် အသစ်ထပ်ရောက်လာတယ်။ လူနာဟောင်းနဲ့ လူနာသစ်ရောထားတော့ ကျမတို့ကထပ်ကူးမှာ ကျမတို့ ပြန်ချင်နေပြီး။” ဟု ကလေးဆေးရုံးတွင် ကိုဗစ် ၁၉ ကုသမှုခံယူနေသည့် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ ကလေးဆေးရုံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၅၀ ကျော်အတွက် အိမ်သာ (၂) လုံးသာထားရှိပေးကြောင်း၊ ထိုကိုဗစ် လူနာသစ်နှင့် လူနာဟောင်းသည် ထိုအိမ်သာကို ရောသုံးနေရကြောင်းလည်း ၎င်းက ပြောသည်။

“ မိန်းခလေး ၅၀ ကျော်ရှိတာကို အိမ်သာက ၂ လုံးပဲရှိတယ်။ တစ်လုံးက ပျက်နေတယ်။ ပြီးတော့ ကျဉ်းကျဉ်းလေ။ ရေချိုးခန်းကလည်း သေးသေးလေးတစ်လုံးပဲရှိတယ်။ အဲမှာ လူနာအသစ်နဲ့ အဟောင်းရောထားတာ။ တစ်ကိုယ်ရေးသန့်ရှင်းရေးလုပ်ဖို့တောင် အဆင်မပြေဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တောင်ကြီးမြို့တွင် ယမန့်နေ ဇူလိုင် ၁၉ တစ်ရက်တည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၄၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

Leave a Comments