Saturday, April 20, 2024

တောင်ကြီးမြို့ တစ်ရက်တည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံထားရသူ (၁၄၀)ကျော်ရှိ

Must read

သျှမ်းပြည် တောင်ကြီးမြို့တွင် ဇူလိုင်လ (၁၉) ရက် တစ်ရက်တည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄၂) ဦးပြီး ထွေအုပ်ရုံးမှ ဝန်ထမ်း ၂ ဦးပါဝင်ကြောင်း သိရသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ အစိုးရအဖွဲ့ရုံးဟောင်းရှိ Fever Clinic တွင် သံသယရှိသူ အယောက် (၁၀၀) ကို ယနေ့တွင် စစ်ဆေးရာ နံနက်ပိုင်းက (၂၇)ဦး နှင့် နေ့လည်ပိုင်းတွင် (၃၅) ဦး စုစုပေါင်း (၆၂) ဦး ရှိပြီး မိုးကုတ်ဝိပဿန Quarantine Centre တွင် ထားရှိသည့် (၁၉၄)ဦးတို့မှ (၈၀) ဦးတွင် ကိုဗစ် -၁၉ ကူးစက်ရောဂါပိုး တွေ့ရှိရသည့်အတွက် တစ်နေ့တည်း (၁၄၂) ဦးအဖြစ် စံချိန်တင် တွေ့ရှိကြောင်း သိရ သည်။

ကိုဗစ် – ၁၉ ကူးစက်ရောဂါ တတိယလှိုင်းကာလအတွင်း တောင်ကြီးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁) ရက် နေ့မှ ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့ ညနေပိုင်းအထိ Covid-19 တွေ့ရှိထားသူ စုစုပေါင်း (၇၀၀) နီးပါး ရှိနေကြောင်း သိရသည်

Leave a Comments

- Advertisement -spot_img

Latest article