မူဆယ်မြို့တွင် စစ်ကောင်စီ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်ပိုးကူးစက်ခံရ

သျှမ်းပြည် မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးနှင့် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ကိုဗစ် – ၁၉ ရောဂါ ပိုးကူးစက်ခံရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထွက်ပေါ်လာသည့် ဆေးစစ်ချက်များအရ ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက် ခံရသော အတည်ပြုလူနာ (၆၁) ဦးတွင် မူဆယ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ကြောင်း သိရသည်။

“မနေ့ (ဇူလိုင်လ ၈ ရက်) မှာ ဆေးစစ်ချက်အရ ဌာနဆိုင်ရာက အရာရှိတွေ၊ ဝန်ထမ်းတွေအပါအဝင် ၆၁ ဦးမှာ ပိုးတွေ့တယ်၊ အခုဆို မူဆယ်မှာ ကိုဗစ်ပိုးတွေ့သူက ၃၀၀ ကျော်လာပြီ၊ ဆေးရုံရော၊ Q Center တွေ ရော နေရာမလောက်တော့ဘူး” ဟု မူဆယ်မြို့မှ ပရဟိတအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မူဆယ်မြို့နှင့် ၁၀၅ မိုင်တို့တွင်လည်း ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၆၀) ကျော်ရှိ ကြောင်း ထုတ်ပြန်ထားသော်လည်း မိမိတို့အစီအစဉ်ဖြင့် နေအိမ်တွင် စစ်ဆေး၊ ကုသနေသူများ လည်း ရှိနေသည့်အပြင် စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ကုသပေးနိုင်မှုများ မနိုင်မနင်းဖြစ်နေသည်ဟု ဒေသခံ များကဆိုသည်။

“အခုက ပြည်သူကျန်းမာရေးတွေ အတွက်ဆိုပြီး ကုသရေးဆိုတာလည်း ဘာမှမရှိတော့ဘူး၊ ဆေးဝန်ထမ်း မရှိ၊ ပရဟိတ သမားတွေကိုသာအားကိုးနေရတဲ့ သဘောရှိတယ်၊ အခုတော့မြို့ထဲမှာ ကုသရေးစင်တာ နဲ့ Q Center တွေထပ်တိုးပေးမယ်လို့တော့ ကြားပါတယ်” ဟု မူဆယ်မြို့နေ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၃၀၀) ကျော်ရှိနေပြီး ကိုဗစ် – ၁၉ ပိုးတွေ့ လူနာများအနက် သေဆုံးသူ (၇) ဦး ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...