Wednesday, May 1, 2024

စစ်ကောင်စီ လက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ

Must read

သျှမ်းပြည်၏ မြို့တော် ဖြစ်သည့်အပြင် အလှပဆုံး နှင့် အသန့်ရှင်းဆုံးဆုများ ရရှိထားသည့်တောင်ကြီး မြို့တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မြို့သန့်ရှင်းရေးအပိုင်း လုပ်ဆောင်မှုများ ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီလက်ထက် မြို့သာယာလှပရေးအတွက် တာဝန်ယူထားသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိရောက်သောာ စီမံခန့်ခွဲမှုများ မစွမ်းဆောင်နိုင်သောကြောင့် အနံ့အသက် များ ထွက်နေသည့် အမှိုက်ပုံများကို မြို့လယ်ခေါင် နေရာတော်တော်များတွင် တွေ့ရကြောင်း တောင်ကြီး မြို့နေ ပြည်သူများ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့လယ်ခေါင် မင်းလမ်း‌ပေါ်မှာ အမှိုက်ပုံတွေက မြင်မကောင်းအောင် အရမ်းများနေတယ်၊ အနံ့တွေ လည်း အရမ်းထွက်နေလို့။ လမ်းသွားလမ်းလာအတွက်ကော ပတ်ဝန်းကျင်အတွက် ပါ အဆင်မပြေလို့ပါ ဒီလိုဖြစ်ရပ် မျိုးတွေက ကျန်းမာရေးနဲ့ရော မညီညွတ်တဲ့အပြင် တောင်ကြီးမြို့ အနေအထားနဲ့ မဖြစ်သင့် ပါဘူး “ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

တောင်ကြီးမြို့သည် စစ်တပ်မှ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်၏ အသန့်ရှင်းဆုံး အာဆီယံ စံပြမြို့ ( Asean Clean Tourist City )ကိုရရှိခဲ့သလို အလှပဆုံးမြို့ ဆုကိုလည်း ၂၀၀၅ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ (၁၂)နှစ်ဆက်တိုက်ရရှိခဲ့ပြီး သဘာဝ အသန့်ရှင်းဆုံးမြို့ဆုကိုလည်း ၂၀၀၇ခုနှစ် မှ (၂၀၁၆)ခုနှစ်အထိ (၁၀)နှစ်အထိ ဆက်တိုက်ရရှိခဲ့သည့် မြို့ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article