ဗိုလ်ချုပ်ကြီး ယွက်စစ် PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်တာဝန်မှ နှုတ်ထွက်ခွင့်တောင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ ယာယီအဖွဲ့ခေါင်းဆောင်တာဝန်ယူထားသည့် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ခေါင်းဆောင်အဖြစ်မှ ရပ်နားလိုကြောင်း (PPST) ထံ စာတင်ထားသည်ဟု စုံစမ်းသိရှိရသည်။

ဇွန် (၂၉) ရက်နေ့ ရက်စွဲဖြင့် (PPST) အဖွဲ့ဝင်ထံသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)၏ ယာယီ အဖွဲ့ခေါင်းဆာင် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းပြည်အရေးကိစ္စနှင့် သျှမ်းလူမျိုးအတွက် ပိုပြီး အချိန်ပေး လုပ်ဆောင်ချင်သဖြင့် လက်ရှိတာဝန်ယူထားသည့် နေရာကို နှုတ်ထွက်ခွင့် တင်ပြထားခြင်း ဖြစ်ကြောင်း PPST အဖွဲ့ဝင် PNLOနာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စာထဲမှာ ပါတဲ့ အကြောင်းရာကတော့ သျှမ်းပြည်ကိစ္စကို ပိုပြီးတော့ လုပ်ချင်တယ်။ သျှမ်းလူမျိုးကိစ္စကို ပိုပြီးတော့ လုပ်ချင်တာပေါ့။ အဲ့ကြောင့် မအားမလပ်ဖြစ်တာပေါ့။ ဒီအများနဲ့ လုပ်တဲ့ အလုပ်မှာ နည်းနည်းလစ်ဟင်းနိုင်တာ။အဲ့ကြောင့် အဖွဲ့ခေါင်းဆောင်အဖြစ်က အနားယူခွင့်ပေးဖို့ နဲ့ သူ့နေရာမှာ တစ်ခြားလူထည့်မှာပေါ့ အဖွဲ့ခေါင်းဆောင်နေရာမှာ တခြားလူ ပြန်ရွေးဆိုတဲ့သဘောမျိုးပေါ့လေ” PNLO နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် နှုတ်ထွက်ခွင့်တောင်းထားခြင်းနှင့် ပတ်သက်ပြီး (PPST) အဖွဲ့ဝင်များ ဆွေးနွေးရမည်ဖြစ်ပြီး (PPST) အဖွဲ့ဝင်များ၏ သဘောထားအရ တိုင်းရင်းသားညီလာခံ လုပ်သည့်အထိ စောင့်ဆိုင်းပေးရန် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တောင်းဆိုထားကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အားလုံးသဘောထားပေးတာကတော့ မထွက်နဲ့အုံး ဒီနှစ်ကုန်မှာ တိုင်းရင်းသား ညီလာခံ လုပ်တဲ့အထိ စောင့်ပေးဖို့ တောင်းပန်ထားတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောသည်။

PPST စတင်ဖွဲ့စည်းစဉ်တွင် (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ မှစပြီး (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

“သူ တာဝန်ယူတာကလဲ (၂) နှစ်ကျော်ပြီ နောက်ပြီးတော့ တာဝန်ကလည်း အမြဲတမ်း ပုံစံမဟုတ်ဘဲနဲ့ ယာယီအဖွဲ့ခေါင်းဆောင်ဆိုပြီးတော့ သဘောနဲ့ပဲ သွားနေတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေရတော့ နည်းနည်းကြပ်တည်း ရှိမှာနဲ့ တူပါတယ်။ အဲ့ဒါကြောင့် နုတ်ထွက်ခွင့်တောင်းတယ်လို့ ယူဆပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောသည်။

PPST အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် အဖွဲ့ဝင် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

PPST အဖွဲ့ဝင်များဖြစ်ကြသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) ၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ၊ မွန်ပြည်သစ်ပါတီ ( NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြင့် ဖွဲ့စည်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...