Tuesday, April 30, 2024

မိုင်းနောင်- ကျေးသီး ပြည်ထောင်စုလမ်းမကြီး ကားသွားလာမှု ပိတ်ထား

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် – ကျေးသီး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ တပ်သားများက ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန် ၃၀)ရက် မနက် ၈ နာရီတွင် မိုင်းနောင်-မိုင်းနန်း-ကျေးသီး ပြည်ထောင်စုကားလမ်းမကြီးကို တပ်မ ၉၉ မှ တပ်သားများက လာရောက်ပိတ်ဆို့ထားပြီး လာသမျှ ယာဉ်များကို နောက်သို့ ပြန်လှည့်ခိုင်းကြောင်း သိရသည်။

“ဒီမနက် ၈ နာရီမှာ စပိတ်တယ်လို့ သိရပါတယ်၊ လာသမျှကို လည်း ဘာအကြောင်းမှ မေးမြန်းခြင်း မပြုဘဲ နောက်ကြောင်းကိုပဲ ပြန်လှည့်ခိုင်းတယ်၊ မိုင်းနောင် နဲ့ ကျေးသီးလမ်းကို သူတို့ကလုံးဝ ဖြတ်သန်းသွားလာခွင့် မပြုဘူး” ဟု ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ယနေ့ချိန်ထိ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article