တောင်ကြီးမြို့ရပ်ကွက်တချို့ စစ်ကောင်စီ မှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

တောင်ကြီးမြို့ပေါ် ရှိရပ်ကွက် တစ်ချို့ကို စစ်ကောင်စီ အုပ်စုက လူနေအိမ်များထဲ မီးထိုးရှာဖွေမှုများ ၊ဝင်ရောက်ဖမ်းဆီးမှုများ ၊ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေမှုများ ရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှသည် ။

” မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကား၆ စီးနဲ့ မဟာစည် လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးပြီးရှာနေကြတာ ကားမီးတွေလဲစူးနေအောင်ထိုးထားတယ် ၊ သေနတ်တွေလည်း ဖောက်တယ် ဝါးပြားမှာ ၃ ညလောက်ရှိပြီ သူတို့ ညတိုင်း လာရမ်းကားနေတာ ဘာသတင်းရထားလဲမသိဘူး၊ လူမတွေ့ရင် လမ်းပေါ်က ခွေးတွေနဲ့ တောင်ရန်ဖြစ် တယ်လေ
ကြားနေရတာပေါ့ ” ဟု ဝါးပြားရပ်နေ ပြည်သူများကပြောသည် ။

ဇွန်လ ၂၃ ည တွင်ကျောင်းကြီးစုရပ်၊ ဝါးပြားမြောက်ရွာအတွင်း စစ်ကောင်စီအုပ်စုမှ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ထိခိုက်မှု ရှိမရှိ အတည် မပြုနိုင်သေးကြောင်း သိရသည် ။

” ရှေ့ရက်ကလဲ ကျောင်းကြီးစု ကနေအိမ်ထဲ ၉တန်းကျောင်းသားကို ရာဘာကျည်နဲ့ ပစ်ရိုက်နက်ပြီးခေါ်သွားတာ သူ့အမေက သူသားကို ဝိုင်းရိုက်နေတာတွေ့တော့ ဝင်တားတာ သူ့အမေပါ ခေါင်း ကွဲ အောင်ရိုက်ခံရတာ ” ဟုကျောင်းကြီးစုရပ်နေ ပြည်သူတစ်ဦးကပြောသည် ။

ဝါးပြားလမ်းစုံမီးပွိုင့်တွင် ည ( ၇ )နာရီကျော် အချိန်တွင် စစ် ကောင်စီ အုပ်စုမှ ဆိုင်ကယ် ကားများ တား၍ ပါလာသမျှပစ္စည်းများ အားအတွင်းကျကျ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည် ။

ဘာမှမလုပ်တဲ့ ကလေးတွေ မိဘ မျက်စိရှေ့မှာပဲထားတဲ့ ကလေးတွေလဲ ဝင်ဖမ်းနေတာ ဘာအဓိပ္ပါယ်လဲ ၊ သေချာတာ ကတော့ ဒီစစ်အုပ်စုက ကြောက်ရမ်းရမ်းနေပြီ ၊ ကလေးတွေ အကုန်လုံးကို သူတို့ မျက်စိထဲ PDF တွေလို့ပဲ မြင်နေတာ

ထို့အပြင် မြေဖြူ နှင့် ညောင် ဖြူစခန်း ရပ်တို့တွင်လဲ ည အချိန် ဧည့်စာရင်း စစ်ခြင်းများကို အကြောင်းပြု၍ လူနေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေခြင်းများပြုလုပ်လာကြောင်း သိရသည် ။

“ကျမ အသိအိမ်ဆို တံခါးတွေ ကန်ဖွင့် ဧည့်စာရင်းစစ်တယ်ပြောပြီး အိမ်ထောင်စုဇယား မိတ္တူ တွေပါ ယူသွားတယ်” ဟု ပြည်သူတစ်ဦးကပြောသည် ။

တောင်ကြီး မြို့အတွင်း စစ်ကောင်စီအုပ်စု များသည် တိုက် အထပ်မြင့် များပေါ် တွင် နေရာယူ
ထားခြင်း ၊ ဘုန်းကြီးကျောင်းဝန်းများပေါ်တွင် မြေ ကတုတ်ကျင်း တူး၍ တပ်စွဲထားခြင်း များပြုလုပ်နေပြီး လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံ ပြည်သူများမှ ပေးပို့လာသော အချက်အလက်များအရသိရှိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...