Tuesday, January 27, 2026

မြန်မာ-တရုတ်နယ်စပ် မြန်မာပိုင်နက်ထဲ တရုတ်နယ်ကျော်ခြံစည်းရိုးခတ်

ကချင်ပြည် မံစီမြို့နယ် မန့်ဝိန်းကြီး အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်မျဉ်း နယ်ခြားမှတ်တိုင် ၅၃/၁ ၅၃/၂ မြန်မာပိုင်နက် နယ်မြေ ကို တရုတ်မှ ကျူးကျော် ခြံစည်းရိုးလာခတ်သဖြင့် ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်နေကြောင်းစုံစမ်းသိရသည်။

အဆိုပါ နေရာကို တရုတ်နိုင်ငံဘက်မှ ၂၀၂၀ ခုနစ် အတွင်း (၁၂)ပေ အမြင့်ခြံစည်းရိုးခတ်ခဲ့ပြီး ယခု ဇွန် (၂၃)ရက်တွင် လ ခြံစည်းရိုးအသစ် နောက်တထပ် ထပ်မံခတ်ယူသည့်အပေါ် မန့်ဝိန်းကြီး ဒေသခံများက သွားရောက်ဖြိုဖျက်ခဲ့ပြီး၊ အငြင်း ပွားမှုများ ဖြစ်ပွားခဲ့ကြောင်း မန့်ဝိန်း ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ်မျဉ်းကိစ္စဖြစ်သလို မြန်မာဘက်ခြမ်းကို တရုတ်က လာရောက်ခြံစည်းရိုးခတ်သည့်အတွက် မြန်မာအာဏာပိုင်းများနှင့် ညှိနှိုင်းပြီး လုပ်ရန် ဒေသခံများ ပြောဆိုခဲ့သည်။

“ ဒီနေ့ သူတို့ ဒုတိယတစ်ခုအနေနဲ့ ပြန်လာခတ်တယ်။ ဒါတွေမလုပ်ဖို့ ကျနော်တို့ ဟိုဖက်က အချိတ်ဆက်နဲ့ပြောတယ်။ မြန်မာနိုင်ငံနဲ့ ညှိနှိုင်းလုပ်ဖို့ပြောတယ်။ မှတ်တိုင်တွေက ပျောက်နေတာလည်းရှိတယ်။ ဒုတိယခြံစည်းရိုး မကာနဲ့လို့ပြောနေတဲ့ကြားက ကာတယ်။ အဲကြောင့် ဒီဘက်က ရှိနေတဲ့ရွာသားတွေနဲ့ ပြန်ပြီးတော့ ဖြိုလိုက်တယ်” ဟု မန့်ဝိန်ကြီး ဒေသခံစိုင်းမိန်း က ပြောသည်။

ထိုသို့ ခြံစည်းရိုးကာရခြင်းသည် COVID-19 ကူးစက်ရောဂါကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ ပြောဆိုသည်။

ထို့နောက် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသားများ လာရောက်ကာသည့် ခြံစည်းရိုးကိုသွားရောက်ဖြိုချ ဖျက်ဆီး လိုက်သည့်အတွက် တရုတ်နိုင်ငံသားနယ်ခြားစောင့်တပ်များက လုံခြုံရေး အပြည့်ဖြင့် လာရောက် ယူထားကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် မြေယာကိစ္စကို ၂၀၁၅ NLD အစိုးရလက်ထက်တွင် စာတင်ပြခဲ့သော်လည်း ဖြေရှင်းပေးမှု မရှိခဲ့ကြောင်းသိရသည်။

ထိုပြသနာကို မည်သည့်အစိုးရလက်ထက်မဆို ဖြေရှင်းပေးစေလိုကြောင်း ပြည်သူများကတောင်းဆိုလိုက်သည်။

“ ကျနော်တို့ ဒီပြသနာကိုဖြေရှင်းပေးစေချင်တယ်။ ဘယ်အစိုးရဖြစ်ဖြစ်ပေါ့။ ကျနော်တို့ ကိုယ်စားလှယ်တွေကို လဲစာတင်ဖူးတယ်။ အခုတက်လုပ်မဲ့ အစိုးရ တွေကိုလဲ ဒီပြသနာကို ဖြေရှင်းပေးစေချင်တယ်” ဟု မန့်ဝိန်း ဒေသခံ စိုင်းမိန်း တစ်ဦး ကပြောသည်။

ထိုနေရာတွင် မြစ်ရေကြီးမှုကြောင့် မြန်မာဘက်ခြမ်းရှိ မြေများတိုက်စားခံရပြီး မြေနုကျွန်းအဖြစ် တရုတ်နိုင်ငံအတွင်းသို့ ၈၀ ဧကကျော်ပါသွားခံကြောင်းသိရသည်။

ထိုမြေယာကိစ္စကြောင့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားမျာက ၂၀၁၈ ခုနစ်တွင် တုတ်ကိုင်၊ဓားကိုင် ပြီးဖြေရှင်းခဲ့ရဖူးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

0
သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ...

မြန်မာ-တရုတ်နယ်စပ် ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်း စွန့်ပစ်ခံရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...

ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

0
လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။ ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင်...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

0
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...

တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်

0
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့်...