တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး

သျှမ်းပြည်တောင်ကြီးမြို့ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် စစ်ကောင်စီ အုပ်စုသည် အကိုဖြစ်သူကို မတွေ့သဖြင့် အသက် (၁၅)နှစ် မပြည့်သေးသည့် (၉ )တန်းကျောင်းသား တစ်ဦးကို ရာဘာကျည်ဖြင့် ပစ်ပြီး၊ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉ )တွင် မိဘများနှင့် အတူနေထိုင်နေသည့် (၉)တန်းကျောင်းသား စိုင်းလင်းဦးကို စစ်ကောင်စီ အုပ်စုက နေအိမ်ထဲထိ အတင်းအဓမ္မ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်

“နံနက် ၅ နာရီလောက်မှာ အိမ်ကို အတင်းဝင်ပြီး အစ်ကိုဖြစ်သူကိုလာရှာတယ်၊ မတွေ့တော့ ကောင်လေးကို ခေါ်သွား တယ်၊ ကောင်လေးက ရုန်းတော့ ရာဘာကျည်နဲ့ ပစ်တာ၊ သေနတ်နဲ့လည်း ထုတယ်၊ ကလေးကို သနားတယ်၊ သူ့မှာက ဘာမှ မလုပ်ရဘူး” ဟု စိုင်းလင်းဦးတို့နှင့် နီးစပ်သူ ဆွေမျိုးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ မှ ဖမ်းဆီးသွားသည့် စိုင်းလင်းဦး သည် အသက် ၁၅ နှစ် မပြည့်သေးကြောင်း၊ ကိုးတန်းကျောင်းသားသာ ရှိပြီး လာရောက်ဖမ်းဆီးစဉ်တွင် ရာဘာကျည် (၃)ချက်၊ သေနတ်ဒင်နှင့် တစ်ချက် ထုကာ အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

“ကောင်လေးက အတော်တော်ကို အရိုက်ခံရတယ်၊ သူတို့က အရမ်းရက်စက်တယ်ဗျာ၊ အိမ်ကိုလည်း ဝင်မွှေသွားတယ်၊ ကောင်လေးကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကားပေါ်ရောက်တော့ ခေါင်းကိုလည်း ပလက်စတစ်အိတ်နဲ့ စွပ် သွားသေးတယ်” ဟု မျက်မြင်တွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ အုပ်စုသည် အာဏာသိမ်းပြီးနောက် အရပ်သား နေအိမ်များကို စစ်ဖိနပ်များဖြင့် ဝင်ရောက်ပြီး တံခါးကိုလည်း ရိုက်ဖျက်ကာ အတင်းအဓ္မမ ရှာဖွေ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ အကြောင်းရင်း မသိရဘဲ စစ်ကောင်စီအုပ်စုသည် တောင်ကြီးမြို့ အရပ်သားများကို ဖမ်းဆီးခဲ့သည်မှာ အယောက်၂၀ နီးပါးခန့်ရှိပြီး၊ စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် မှစတင်ကာ ယနေ့ချိန်ထိ တောင်ကြီးမြို့ အရပ်သား (၁၀၀)ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...