ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပရိဟိတ အဖွဲ့ဝင်တစ်ဦးကို ဇွန် (၁၉) ည (၁၁)ဝန်းကျင် တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇွန် ၁၉ ရက် ည (၁၁)နာရီ တွင် ဓမ္မရဏိတ ပရဟိတ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၅၀)နှစ် အရွယ်ရှိ ဦးကျော်သိန်းကို စစ်ကောင်စီ မှ မေးမြန်ရန်ရှိသည်ဟု ဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မည်သို့ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မေးဖို့ရှိတယ်ဆိုပြီးခေါ်သွားတယ်။ ဘယ်နေရာမှာရှိနေလဲမသိရဘူး။ သူက ဆန္ဒပြတဲ့ထဲလဲမပါဘူး။ ပရဟိတ လုပ်တယ်။ အောက်ဆီဂျင်နဲ့ပတ်သတ်ပြီးပို့ဆောင်ပေးတာ။ ဘာကြောင့်လာဖမ်းသွားလဲမသိရဘူး။ အင်းအား ၂၀ လောက်ရှိတယ် လာဖမ်းသွားတာ” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ည ၈ နာရီမှ မနက် ၄ နာရီအထိ မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ညမထွက်အမိန့် ကို ချိုးဖောက်နေသူမှာ စစ်ကောင်စီများသာဖြစ်ကြောင်း ကျောက်မဲဒေသခံ တစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း (၁၆) ဦးရှိနေပြီးဖြစ်ကြောင်း၊ ထိုဖမ်းဆီးခံသူများကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန် တွင် စစ်ကောင်စီမှ နေအိမ်သို့ ဝင်ရောက် စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ သူတို့လာဖမ်းရင် ည အချိန်တွေပဲ။ အဓိက ညမထွက်ရအချိန် အိပ်ကောင်းနေချိန်ပဲ။ ညအိပ်နေတဲ့ချိန်ဆို ထွက်ပြေးလို့မရတော့ဘူးလေ။ အဲချိန်မှာဝင်ဖမ်းသွားတယ်။ သူတို့က မာရှယ်လော်တွေထုတ်နေပြီးတော့ သူတို့ကိုယ်တိုင်က ချိုးဖောက်နေတယ်။ ကျနော်တို့ ပြည်သူတွေကို ဒီလိုမျိုးဖမ်းဆီးနေတာကိုရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ကျောက်မဲမြို့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့တွင် ယမန့်နေ့ (ဇွန် ၂၀)ရက် ည ( ၉ )နာရီဝန်းကျင်၌ စစ်ကောင်စီမှ သေနတ် (၁၅ )ချက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦး ထိခိုင်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ချို့က ပြောကြားခဲ့သော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပေ။

“ ပစ်တာတော့ သေချာတယ်။ ညအချိန်ဖြစ်နေတော့ ကျနော်တို့လဲ အတည်မပြုပေးနိုင်သေးဘူး။ တစ်ချို့ကလည်း ၂ ယောက်ထိတယ်လို့ပြောတယ်။ တစ်ချို့ကလည်း မထိဘူးလို့ပြောနေတယ်။ ညအချိန်ဖြစ်နေတော့ ထွက်သွားကြည့်ပေးလို့ကမရဘူး” ဟု သေနတ်ပစ်သံကြားသည့် ကျောက်မဲပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူ (၈၇၂) ဦးသတ်ဖြတ်ခဲ့ပြီး (၆၂၁၉) ဦးဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်သားကူညီးစောင့်ရှောက်ရေး AAPP က ယမန့်နေ့ ဇွန် ၂၀ တွင်ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...