ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေ တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ

သျှမ်းရှေ့တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူပိုင်မြေပေါ် ပြန်လည်စိုက်ပျိုးခွင့်ရရန် အတွက် ဟုန်ပန်းကုမ္ပဏီ မှ အတင်းအဓမ္မခြံစည်းရိုးခတ်သည်ကို ပြန်လည်ဖျက်ဆီးမှုပြုလုပ်ပြီး၊ ပြန်ရရန် ကြိုးစားနေကြကြောင်း သိရသည်။

ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စု ကို အကာအကွယ်ပြုပြီး ဧပြီ (၉ )ရက်တွင် တာချီလိတ် ဟောင်လိတ်ရပ်ကွက် ရှိ ပြည်သူပိုင်လယ်ယာမြေပေါ် အတင်းအဓမ္မခြံစည်းရိုးခတ်မှုပြုလုပ်ခဲ့သည်။

ထို့ကြောင့် ပြည်သူများ ထိုမြေပေါ် ပြန်လည်စိုက်ပျိုးခွင့်ရရန်အတွက် ယမန်နေ့ (ဇွန် ၁၇)ရက်တွင် ခြံစည်းရိုးကိုပြန်လည် ဖျက်ဆီးလိုက်ကြောင်း ဟောင်လိတ်ကျေးရွာ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်တုန်းကလည်း ခြံစည်းရိုးကို ကျနော်တို့ သွားဖျက်တယ်၊ ကုမ္ပဏီက သေနတ်ပစ်ခတ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်တယ်၊ ပြီးရင်အဓမ္မခြံစည်းရိုးပြန်လာခတ်တယ်၊ မနေ့ကတော့ ကျနော်တို့ ရွာသားတွေစုပြီးတော့ သွားဖျက် တယ်၊ ကျနော်တို့ပိုင်မြေပေါ်မှာ သီးနှံပြန်စိုက်လို့ရအောင်ပါ” ဟု ဟောင်လိတ်ကျေးရွာမှ ဒေသခံတဦး က ဆိုသည်။

ဟုန်ပန်းကုမ္ပဏီ နှင့် ဟောင်လိတ်ဒေသခံများ မြေယာမြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းမှ လာရောက်ကူညီဖြေရှင်းခြင်းမရှိသည့်အပြင် စစ်ကောင်စီအုပ်စုက ငွေများ ငွေနိုင်ဆိုသည့်အတိုင်း ဟုန်ပန်းကုမ္ပဏီဘက်ကိုသာ လိုက်ပါဆောင်ရွက်နေသည်။

ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

ကျန် ဧက (၈၀)ပေါ်တွင် လယ်သမားများက သီးနှံစိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနစ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ အသုံးပြုခြင်းမရှိပါက မူရင်း လယ်ယာမြေပိုင်ရှင်ကိုပြန်ပေးရန် သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် ဟုန်ပန်းကုမ္ပဏီ က ထိုမြေပြန်ရရှိဖို့အတွက် အတင်းအဓမ္မ သုံးပြီး ခြံခတ်မှုပြုလုပ်လာပြီး၊ ထိုမြေကိစ္စကို ကူညီပေးနေသည့် ဟောင်လိတ်ဘုန်းကြီးကျောင်းမှ ဦးဇင်းတပါးကိုလည်း တရားစွဲဆိုထားကြောင်းသိရသည်။

ထိုဟုန်ပန်းကုမ္ပဏီမှလယ်မြေနှင့် ပတ်သက်ပြီး သက်သေ အထောက်အထား စာရွက်တစုံတရာမပြနိုင်ဘဲ အတင်း အဓမ္မခြံလာခတ် သိမ်းယူကြောင်း ဟောင်လိတ်ဘုန်းကြီးကျောင်းမှ ဦးဇင်း တပါးက သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

“ သူတို့ ကုမ္ပဏီက တင်းအဓမ္မသိမ်းပြီး ခြံခတ်တယ်။ နောက် စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီးပြည်သူ တွေကို သေနတ်ပစ်ပြီး ခြိမ်းခြောက်တယ်၊ ဦးဇင်းကိုလည်း တရားစွဲဆိုထားတယ်” ဟု ဦးဇင်း က မိန့်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆိုင်သည့် လယ်ယာမြေများလည်း စစ်ကောင်စီအစိုးရမှ မတရား သိမ်းယူမှုများ များပြားလာပြီး တရားစွဲဆိုမှုများလည်း များပြားလာနေသည့် အတွက် ပြည်သူ များက စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...