လားရှိုးသျှမ်းလူငယ်တစ်ဦး ကို စစ်ကောင်စီ က ထောင်ဒဏ် (၂)နှစ်ချခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီမှ (၃) လကျော်နီးပါး မတရားဖမ်းဆီးထားသည့် သျှမ်းလူငယ် ကျော်သက်ဦး (ခ) စိုင်းဆိုင်ဝမ်းဦး ကို ဇွန် (၁၆)ရက် တွင် ထောင်ဒဏ် (၂)နှစ်ချခံရကြောင်း စုံစမ်းသိရသည်။

စိုင်းဆိုင်ဝမ်းဦး ကို မတ် (၈)ရက် မနက် (၆)နာရီဝန်းကျင်တွင် စစ်ကောင်စီ မှ သိန်းထိုက်ရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန် ချိန်းထားကာ သွားနေစဉ် လမ်းတွင် ဖမ်းဆီးခံခဲ့ရသည်။

“ သူ က ဆန္ဒပြလို့ ဖမ်းသွားတာ မဟုတ်ဘူး။ ရဲကတော့ သူ့လက်ထဲမှာ သျှမ်းအလံကိုင်ထားလို့ ဖမ်းတာတဲ့။ ဒါပေမယ့် အလံက သူ့လက်ထဲမှာ မဟုတ်ဘူး။ အလံက သူ့အနီးက မြောင်းထဲမှာ ရှိနေတာ။ ဒါကို သူ့အလံဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ။ ဇွန် (၁၆)ရက်ကတော့ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် (၂)နှစ် ချလိုက်တယ် ” ဟု စိုင်းဆိုင်ဝမ်းဦး နှင့် နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စိုင်းဆိုင်ဝမ်းဦးကို စစ်ကောင်စီ မှ ဖမ်းဆီးစဉ်တွင်လည်း ရိုက်နှက်ကြောင်း၊ လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင် ထိန်းသိမ်းခံရစဉ်တွင်လည်း ထောင်ထဲတွင် စစ်ကောင်စီမှ အမျိုးမျိုး နှိပ်စက်မှု ပြုလုပ်ကြောင်း၊ အကြောင်းအရင်းမသိ စာရွက်ပေါ်တွင် လက်မှတ်ရေးထိုး ခံဝန်းခိုင်းကြောင်း ၎င်း အမှုကို လိုက်ပါ ကူညီပေးသည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက မတရားဖမ်းဆီးခံရပြီး ပုဒ်မတပ်ခံရတာပါ၊ သူ့အမှုစစ်တဲ့ကာလမှာ ထွက်ဆိုချက်အရ အတော်လေး ရိုက်နှ က်နှိပ်စက်ခံရတယ်၊ ပြီးတော့ အကြောင်းရင်းမသိရဘဲ လက်မှတ်ထိုးခိုင်းတာလည်းရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ဆိုသည်။

စိုင်းဆိုင်ဝမ်းဦး ၏ အမှုကို စစ်ဆေးရာတွင် လားရှိုးမြို့ အကျဉ်းထောင်ရှိ တရားခွင်တွင်သာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရဥည်။

စစ်တပ်မှ နိုင်ငံတော် အာဏာာသိမ်းယူပြီးနောက် လူငယ်များ အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြလှုပ်ရှားသူ များကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ သျှမ်းလူငယ်များအနက် စိုင်းဆိုင်ဝမ်းဦး သည် ပထမဆုံး စစ်ကောင်စီမှ ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...