Wednesday, January 28, 2026

လာရှိုးမြိုတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၆၂) ဦးထိရှိ

သျှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့တွင် ယမန်နေ့(ဇွန် ၁၅)ရက် အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၂ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

“ မနေ့ကထိတော့ ၆၂ ယောက်ရှိပါတယ်။ ဒီနေ့ကတော့ မသိရသေးဘူး။ ရောဂါပြင်ထန်းတဲ့သူကို မန္တလေးကို ပို့ပေးတယ်။ ၄ ယောက်ရှိတယ်။ သေတာတော့မရှိသေးဘူး။ အနံမရတဲ့သူများတယ်” ဟု လာရှိုးမြို့ ကိုဗစ် ၁၉ လူမှုကူညီရေးအသင်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လာရှိုးမြို့တွင် ကိုဗစ် ၁၉ ရောဂါကို အိန္ဒိယနိုင်ငံမှ ပြန်လာသည့်သူ (၄)ဦးထံမှ စတင်ပြန်ပွားခဲ့ကြောင်း သိရသည်။

“ လာရှိုးမှာက အဓိက ပြန့်ပွားခဲ့တာက အိန္ဒိယ နိုင်ငံမှ ပြန်လာခဲ့တဲ့သူတွေကနေဖြစ်တာ။ သူတို့ အဲမှာ မဂ်လာဆောင်သွားတာ။ ပြန်လာတော့ ကိုဗစ် ပိုးတွေ့တာပေါ့” ဟု လာရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။


အဆိုပါ လာရှိုးမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများကို လာရှိုးမြို့ ပြည်သူဆေးရုံးတွင် ဆေးကုသခံယူနေရကြောင်းသိရသည်။

ထိုနည်းတူ ယနေ့ (ဇွန် ၁၆ ) ရက် တွင် နမ္မတူမြို့နယ်၌ ကိုဗစ် -၁၉ ပိုးတွေ့လူနာ အသစ် ( ၃) ဦးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ နမ္မတူမှာ ဒီနေ့စတွေ့တာ။ ဘယ်သူတွေလဲဆိုတာတော့ သေချာမသိရသေးဘူး။ ပိုးတွေ့တာတော့ ဟုတ်တယ်” နမ္မတူမြို့ဒေသခံတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ကျဆင်းလာပြီး ဇွန်လအတွင်း သျှမ်းပြည် အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ပြန်လည်မြှင့်တက်လာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကောင်စီ နှင့် ကိုဗစ် -၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ

0
စစ်ကောင်စီ နှင့် ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။ “ အရင်က...

ကျေးသီးမြို့ ကိုဗစ် -၁၉ လူနာ(၂)ဦး စတွေ့ စစ်ရှောင်များအတွက် စိုးရိမ်နေရ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် ယမန့် ( ဇူလိုင် ၈) ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ ရှိလာသဖြင့် စစ်ရှောင်များအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထို ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျေးသီးမြို့ စစ်ကောင်စီ ၏...

လာရှိုးမြို့တွင် ကိုဗစ်- ၁၉ မြင့်တက်မှုကြောင့် ဈေးဝယ်ထောက်ခံစာ လုပ်ရ

0
သျှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှု များလာသောကြောင့် အပြင်ထွက် ‌ဈေးဝယ်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ထောက်ခံစာပြုလုပ်နေရကြောင်း စုံစမ်းသိရှိရသည်။ လာရှိုးမြို့တွင် ယနေ့ ဇွန် ၃၀ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် အိမ်ပြင်ထွက်ရန် အတွက် ထောက်ခံစာသွားရောက်ထုတ်ယူရကြောင်းသိရသည်။ အဆိုပါ ထောက်ခံစာသည် ဈေးဝယ်ရန်၊...

လာရှိုးမြို့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုကြောင့် လူထုသပိတ်မချီတက်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စု အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အကြမ်းဖက်စစ်ကောင်စီ သည် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် လမ်းပေါ်ထွက်မရအောင် လမ်းတိုင်းတွင် အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး စစ်ဆေးမှု ပြုလုပ်ပြီး ဖမ်းဆီးနေကြောင်း လားရှိုး...

လာရှိုးမြို့တွင် လူငယ် ၃ ဦး ထပ်မံဖမ်းခံရ

0
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် ၃ ဦးကို လာရှိုးမြို့ ရပ်ကွက် (၅၊ ၆ ၊၇) တွင်နေထိုင်သည့် လူငယ် (၃)ဦးကို ဧပြီလ ၃ ရက် နေ့လည်...