Thursday, April 18, 2024

နောင်ချိုမြို့နယ် ဘန့်ဘွေးလူငယ်(၂)ဦး ကို စစ်ကောင်စီ မှဖမ်းဆီးခေါ်ဆောင်သွား

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ် ဘန့်ဘွေးကျေးရွာရှိ ပညာရေးကျောင်း တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် စားသား ဆေးသွားမှုတ်သည့် လူငယ် (၂)ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ ၂၁ရက် ည ၁၁နာရီ ဝန်းကျင်တွင် ဘန့်ဘွေး ကျေးရွာ ရှိ ပညာရေးကျောင်းတေကျောင်းရှေ့တွင် ဆေးသွားမှုတ်သည့် အသက် (၁၇)အရွယ် ရှိ လူငယ် (၂)ဦးကို စစ်ကောင်စီ က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူငယ် (၂)ဦးက ကျောင်းမှာဆေးသွားမှုတ်တာ။ အရင်ရက်တွေကလည်း သွားမှုတ်တယ်။ စောင့်ဖမ်းနေတယ်ထင်တယ်။ မေ ၂၁ရက် ည ၁၁နာရီ မှာ ဖမ်းသွားတယ်။ မဖမ်းခင်မှာ သေနတ်တွေနဲ့ခြိမ်းခြောက် ပစ်ဖောက်သေးတယ်” ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသား တစ်ဦး က ပြောသည်။

ထိုဖမ်းခံရသည့် လူငယ် (၂)ဦးသည် အသက် (၁၇)နှစ် အရွယ်သာရှိကြောင်း၊ လက်ရှိမှာ နောင်ချိုမြို့ ရဲစခန်းတွင် ထားရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီ မှ ယမန်နေ့ (မေ ၂၄)ရက်တွင် ကျောင်းအပ်လက်ခံနေသည့်အတွက် ကျောင်းများတွင် စစ်ကောင်စီ အုပ်စု လုံခြုံရေး အပြည့်အဝယူထားကြောင်း၊ ကျောင်းလာအပ်သည့် လူအနည်းငယ်သာရှိကြောင်းလည်း သိရသည်။

နောင်ချိုမြို့နယ် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် အမျိုးသားတဦး ကျဆုံးခဲ့ပြီး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ (၁၀)ဦး ခန့်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article