Wednesday, January 28, 2026

ပင်းတယမြို့ ပြည်သူများ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ နည်းမျိုးစုံ ခြိမ်းခြောက်နေကြောင်း စုံးစမ်းသိရှိရသည်။

ပင်းတယမြို့ ယနေ့ မေ ၁၈ ရက်နေ့တွင် လူငယ် ၅ ဦး ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များက အရပ်သားဝတ်ဖြင့် ပြည်သူများကို ဆန္ဒမပြရန် ဆက်ပြနေပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း ဒေသခံတစ်ဦး ကပြောသည်။

“ ကျနော်တို့ ဒီနေ့ ဆန္ဒပြတဲ့ ၅ယောက်ကို ရဲတွေက အိမ်စီးကား အရပ်ဝတ်နဲ့ ကျနောတို့ကို ဆန္ဒမပြနဲ့။ ဆန္ဒပြရင် ဖမ်းမယ်ဆိုပြီးပြောသွားတယ်။ ဒလန်တွေတိုင်လို့ ကျနော်တို့ ဆန္ဒပြတဲ့နေရာနဲ့ အချိန်တိကျ ရဲတွေကရောက်လာတယ်” ဟု ပင်းတယမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်းတယ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းဆက်လက်ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

“ ဒီမှာက ဆန္ဒမပြဖြစ်တာကတော့ကြာပြီ။ မနေ့ကမှ ကျနော်တို့ပြန်ထွက်တာ။ ဟိုအရင်တွေကတော့ ဆိုင်ကယ်သပိတ်တို့ တော့လုပ်ပါတယ်။ ပင်းတယလူငယ်တွေခြိမ်းခြောက်ခံရတာ ခုမှမဟုတ်ပါဘူး။ ဆန္ဒစပြကတည်းက ခြိမ်းခြောက်ခံနေရတာပါ” ဟု ပင်းတယ လူငယ်တဦး ကပြောသည်။

သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီအုပ်စုက စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြမရအောင် နည်းမျိုးစုံ ဖိနှိပ်နေကြောင်း၊ လမ်းများတွင်လည်း အရပ်ဝတ်ရဲ၊စစ်သားများဖြင့် စောင့်ဆိုင်းနေကြောင်း သိရသည်။

“ ကျနော်တို့ ဆန္ဒပြဖို့က ခက်တယ်ဆိုပေမယ့် ကျနော်တို့ရင်ထဲမှာတော့ စစ်အာဏာရှင်ကို လုံးဝအလိုမရှိဘူး။ မအုပ်ချုပ်စေရဘူး။ ရရာနည်းလမ်းနဲ့ တိုက်ခိုက်သွားမည်။” ဟု ဟိုးပုံမြို့ ဒေသခံတစ်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန်အတွက် လမ်းပေါ်မထွက်နိုင်သော်လည်း လူမဲ့သပိတ်မျိုးစုံဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာလုယူပြီး တစ်နိုင်ငံလုံးဆန္ဒပြခဲ့ရာတွင် စစ်ကောင်စီဖက်မှ အကြမ်းဖက် ဖြိုခွင်း၊သတ်ဖျတ်၊ နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့သောကြောင့် ပြည်သူများဆန္ဒပြရာတွင် အခက်ခဲများစွာရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...