Tuesday, January 27, 2026

သျှမ်းမြောက် စစ်ကောင်စီ စက်သုံးဆီယာဉ် (၇)စီး ကို KIA လက်နက်ကြီးဖြင့် ပစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဘက်မှ တင်ဆောင်လာသည့် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ယာဉ် (၇)စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လက်နက်ကြီးဖြစ် ပစ်ခတ်လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ မနက် (၇)နာရီ ဝန်းကျင်တွင် သျှမ်းမြောက် ကွတ်ခိုင် နမ့်ပါချီး ကျေးရွာအနီး ရှိ ပြည်ထောင်စု လမ်းမပေါ်တွင် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ကားတစ်ဦးကို KIA မှ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး၊ ယမန်နေ့ (မေ ၁၇)ရက် ညနေပိုင်းတွင် ကွတ်ခိုင်- သိန္နီကြားတွင်လည်း စက်သုံးစီးကား (၆)စီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောသည်။

“ မူဆယ်ကနေ ဆီးသယ်လာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကားကို ကျနော်တို့ (၇)စီး ပစ်လိုက်တယ်။ မနေ့ ညနေ က ကွတ်ခိုင်-သိန္နီကြား (၆)စီး ၊ ဒီနေ့ မနက် ကွတ်ခိုင်မြို့ နားမှာ (၁)စီး ပါ။” ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

အဆိုပါဆီများသည် တရုတ်ပြည်မှ တင်သွင်းလာပြီး မူဆယ်မြို့မှတဆင့် ပြန်လည်တင်ဆောင်လာသည့် ဆီဘောက်ဆာကားများဖြစ်ကြောင်း၊ ထိုဆီဘောက်ဆာကားများသည် စစ်ကောင်စီ ၏ စက်သုံးဆီကားများ ဖြစ်သည့်အတွက် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း လည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ စစ်ကောင်စီ ရဲ့ ဆီကားတွေဖြစ်လို့ ပစ်တာပါ။ ပြည်သူတွေ အတွက် အသုံးပြုမယ်ဆိုရင် ကျနော်တို့ မပစ်ဘူး။ စီးပွားရေး သမားတွေရဲ့ ဆီကားဆိုရင်လည်းကျနော်တို့မပစ်ဘူး။ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကားသေချာလို့ပစ်လိုက်တာပါ” ဟု ဗိုလ်မှူးကြီး က ထပ်လောင်း ပြောသည်။

ထိုဆီဘောက်ဆာကားများကို KIA မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ပြီးနောက် KIA နှင့် စစ်ကောင်စီအုပ်စုသည် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်းလည်း ကွတ်ခိုင် ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဆီကား ပစ်ခံရပြီး မီးလောင်သွားတယ်။ အဲ့နောက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်သေးတယ်။ ခဏလေးပါပဲ” ဟု ကွတ်ခိုင်ဒေသခံ တဦး က ဆိုသည်။

အဆိုပါ ဆီဘောက်ဆာ ကား သည် စစ်ကောင်စီ ၏ ရဟတ်ယာဉ်တွင် ထည့်သွင်းအသုံးပြုရန် အတွက် ဝယ်ယူလာသည့် စက်သုံးဆီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...