သျှမ်းမြောက် စစ်ကောင်စီ စက်သုံးဆီယာဉ် (၇)စီး ကို KIA လက်နက်ကြီးဖြင့် ပစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဘက်မှ တင်ဆောင်လာသည့် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ယာဉ် (၇)စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လက်နက်ကြီးဖြစ် ပစ်ခတ်လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ မနက် (၇)နာရီ ဝန်းကျင်တွင် သျှမ်းမြောက် ကွတ်ခိုင် နမ့်ပါချီး ကျေးရွာအနီး ရှိ ပြည်ထောင်စု လမ်းမပေါ်တွင် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ကားတစ်ဦးကို KIA မှ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး၊ ယမန်နေ့ (မေ ၁၇)ရက် ညနေပိုင်းတွင် ကွတ်ခိုင်- သိန္နီကြားတွင်လည်း စက်သုံးစီးကား (၆)စီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောသည်။

“ မူဆယ်ကနေ ဆီးသယ်လာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကားကို ကျနော်တို့ (၇)စီး ပစ်လိုက်တယ်။ မနေ့ ညနေ က ကွတ်ခိုင်-သိန္နီကြား (၆)စီး ၊ ဒီနေ့ မနက် ကွတ်ခိုင်မြို့ နားမှာ (၁)စီး ပါ။” ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

အဆိုပါဆီများသည် တရုတ်ပြည်မှ တင်သွင်းလာပြီး မူဆယ်မြို့မှတဆင့် ပြန်လည်တင်ဆောင်လာသည့် ဆီဘောက်ဆာကားများဖြစ်ကြောင်း၊ ထိုဆီဘောက်ဆာကားများသည် စစ်ကောင်စီ ၏ စက်သုံးဆီကားများ ဖြစ်သည့်အတွက် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း လည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ စစ်ကောင်စီ ရဲ့ ဆီကားတွေဖြစ်လို့ ပစ်တာပါ။ ပြည်သူတွေ အတွက် အသုံးပြုမယ်ဆိုရင် ကျနော်တို့ မပစ်ဘူး။ စီးပွားရေး သမားတွေရဲ့ ဆီကားဆိုရင်လည်းကျနော်တို့မပစ်ဘူး။ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကားသေချာလို့ပစ်လိုက်တာပါ” ဟု ဗိုလ်မှူးကြီး က ထပ်လောင်း ပြောသည်။

ထိုဆီဘောက်ဆာကားများကို KIA မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ပြီးနောက် KIA နှင့် စစ်ကောင်စီအုပ်စုသည် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်းလည်း ကွတ်ခိုင် ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဆီကား ပစ်ခံရပြီး မီးလောင်သွားတယ်။ အဲ့နောက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်သေးတယ်။ ခဏလေးပါပဲ” ဟု ကွတ်ခိုင်ဒေသခံ တဦး က ဆိုသည်။

အဆိုပါ ဆီဘောက်ဆာ ကား သည် စစ်ကောင်စီ ၏ ရဟတ်ယာဉ်တွင် ထည့်သွင်းအသုံးပြုရန် အတွက် ဝယ်ယူလာသည့် စက်သုံးဆီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...