တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့်အတူ အမျိုးသား (၂) ဦးကို ယနေ့(မေ ၁၇)ရက် မနက် (၂)နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းဆရာသည် တောင်ကြီးမြို့နယ် အထက်တန်းပြ ကျောင်းဆရာ ပြည့်ဖြိုးဝင်း နှင့် ၎င်း၏ သူငယ်ချင်း (၂)ဦးကို ယနေ့ မနက် (၂)နာရီတွင် စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျောင်းဆရာ ပြည့်ဖြိုးဝင်းက တိမ်းရှောင်နေတာ ကြာပြီ။ အခု သူရိက္ခာ ပြတ်လို့ ပြန်လာယူရင်း မိသွားတာ။ သူ့ ရဲ့ သူငယ်ချင်း (၂)ယောက်လည်းပါတယ်။ ရဲတွေ စစ်သားတွေ အလုံးအရင်းနဲ့ လမ်းတွေပိတ်တော့ ထွက်ပြေးလို့မရဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။

ကျောင်းဆရာ ပြည့်ဖြိုးဝင်းသည် ရိက္ခာပြတ်လပ်သည့်အတွက် နေရပ်သို့ ပြန်လာသည့်အချိန် ဒလန် သတင်းပေးချက်ကြောင့် ဖမ်းခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံများ က သုံးသပ်ပြောဆိုသည်။

လက်ရှိမှ ဆရာ နှင့် အတူ ဖမ်းခံရသည့် သူ(၂)ဦးကို တောင်ကြီးမြို့အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ၊ ၎င်းတို့ ရိက္ခာ အဖြစ်စုဆောင်းထားသည် ဆန်များကိုလည်းသယ်ဆောင်သွားကြောင်း သိရသည်။

“ ဆရာကို အရင်ကတည်းက ဖမ်းဖို့ ချောင်းနေတာ။ အရင်က လွှတ်သွားတယ်။ အခုက ခဏပြန်လာပြီး ရိက္ခာ လာယူတာ မိသွားတယ်။ ကျန်တဲ့သူတွေ လည်း သတိထား ပြန်စေချင်တယ်။ ဖြစ်နိုင်ရင် ဒီချိန်က ပြန်မလာစေချင်သေးဘူး” ဟု ကျောင်းဆရာ ပြည့်ဖြိုးဝင်း ၏ မိတ်ဆွေ အရင်း တဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

CDM ဖမ်းဝရမ်းဖြင့်တိမ်းရှောင်နေသူ၊ CDM ပြုလုပ်ထားသော်လည်း ဖမ်းဝရမ်း မထုတ်ခံထားရသူ နှင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသူအားလုံး လက်ရှိ အချိန်မှာ မိမိနေအိမ်သို့ မပြန်သင့်သေးကြောင်း၊ ပတ်ဝန်းကျင် တွင် သတင်းပေး (ဒလန်)များရှိနေကြောင်း ၎င်း က ဆိုသည်။

ဆရာ ပြည့်ဖြိုးဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM တွင်ပါဝင်လာခဲ့သူ တစ်ဦး ဖြစ်သည်။

ဖေဖော်ဝါရီ (၁)ရက်မှ ယနေ့ထိ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ပြည်သူ (၆၀)ဦးအထက်ရှိကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...