မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီ အုပ်စု မှ ယမန်နေ့ ( မေ ၁၆)ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည် (၁)နာရီ ကျော်တွင် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဆရာသည် မူဆယ်မြို့ စစ်အာဏာဆန့်ကျင်ရေးတွင် ဦးဆောင်နေသည့်သူဖြစ်နေသည်ဟု သတင်းရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ လူမတွေ့သဖြင့် မူကြိုကျောင်းထဲရှိ ပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မူဆယ်ဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုစစ်ကောင်စီ ဖျက်ဆီးလိုက်သည့်ကျောင်းသည် မူကြိုကျောင်း (Pre- School) ၊ KG (Kindergarden ) နှင့် အင်္ဂလိပ်စာသီးသန့် သင်တန်းကျောင်း တို့ ဖွင့်လှစ်ထားကြောင်း သိရသည်။

“ ဆရာကတော့ ရှောင်ထွက်သွားတာကြာပြီး။ အဲအိမ်ကသော့ခတ်ထားတယ်။ သော့ကိုဖျတ်ပြီးတော့ ဝင်သွားတယ်။ ပစ္စည်းတွေဖျတ်ဆီးတယ်။ ဘာတွေယူသွားလဲတော့မသိရဘူး။ ဆရာက အိမ်ငှားနေထားတာ။” ဟု မျက်မြင်တွေ့ရှိသူ က ဆိုသည်။

ထိုဖျက်ဆီးခံရသည့် မူကြိုကျောင်းသည် ဆရာကိုကိုသက် အမည်ဖြင့် ငှားရမ်း ဖွင့်လှစ်ထားပြီး၊ ထိုမူကြိုကျောင်း အပေါ်ထပ်တွင် ဆရာနေထိုင်ပြီး၊ အောက်ထပ်တွင် သင်တန်းကျောင်းတွဲဖွင့်ထားကြောင်း သိရသည်။

မူဆယ်မြို့ CDM ဝန်ထမ်းများကို ကူညီပေးနေသည့် သူများကိုလည်း စစ်ကောင်စီအုပ်စုက လိုက်လံ စုံစမ်းဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ (၃၀)ကျော် ကို စစ်ကောင်စီမှ ဖမ်းဆီးထားပြီး၊ ထိုထဲတွင် အသက်(၁၈)မပြည့်သေးသည့် လူငယ်များပါဝင်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


ထိုသို့ စစ်ကောင်စီမှ အကြမ်းဖက်နည်းဖြင့် ပြည်သူနေအိမ်ထိ ဝင်ရောက်ဖမ်းဆီးခြင်း၊ ပစ္စည်းခိုးယူ မူများကြောင့် ပြည်သူများမိမိ လုံခြုံရေးအတွက် အလွန်စိုးရိမ်းနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...