Friday, April 19, 2024

စစ်ကောင်စီတပ် ဝန်းရံထားသည့် မိုင်းယောင်းမြို့ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား

Must read

သျှမ်းရှေ့ စစ်ကောင်စီ ၏ တပ်စခန်းများ ဝန်းရံထားသည့် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ကုက္ကိုလ်ပင်ရွာ တွင် ယနေ့ (မေ ၁၄)ရက် ည ၇နာရီခွဲဝန်းကျင် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အလံအလွန်ကျယ်ပြီး မြေကြီးတုန်ခါသွားကြောင်း၊ လူထိခိုက်မှုမရှိကြောင်းလည်း မျက်မြင်တွေ့ရှိသည့် မိုင်းယောင်းမြို့ ဒေသခံအမျိုးသား တဦး က ပြောသည်။

“ အသံတော်တော်ကျယ်တယ်။ မြေကြီးတောင် တုန်ခါသွားတယ်။ ကုန်စုံဆိုင်မှာပေါက်တာ။ လူထိခိုက်မှုတော့မရှိဘူး။ လက်လုပ်မိုင်း ပေမယ့် အားပြင်းတယ်” ဟု ၎င်း အမျိုးသားက ဆိုသည်။

မိုင်းယောင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်း များစွာ အခြေချသည့် မြို့ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီး ရက် (၁၀၀) ကျော်အတွင်း ပေါက်ကွဲမှု (၃) ကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့သည် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု လုပ်ဆောင်မှု မရသည့် စစ်အင်အားအပြည့် ဝန်းရံထားသော မြို့ တမြို့ဖြစ်သည်။

မိုင်းယောင်းမြို့ ဧပြီလ(၁၃)ရက် ည(၉)နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု တကြိမ်ဖြစ်ခဲ့ပြီး ၊ ဧပြီ ၂၁ရက်တွင် လည်း နေအိမ်တလုံးတွင် ဗုံးပေါက်ကွဲမှု တကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article