ဟုန်ပန်းကုမ္ပဏီ တာချီလိတ်လယ်မြေများ အဓမ္မခြံခတ်သိမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် ရပ်ကွက် ဝမ်းဟောင်ရွာ ရှိ ပြည်သူပိုင် လယ်ယာမြေများကို ဟုန်ပန်း ကုမ္ပဏီ ကခြံစည်းရိုးခတ် သိမ်းယူေနကြောင်း သတင်းရရှိသည်။

ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ် ခြံစည်းရိုးလာခတ်ကြောင်း သိရသည်။

ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

ကျန် ဧက (၈၀)ပေါ်တွင် လယ်သမားများက သီးနှံစိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနစ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ အသုံးပြုခြင်းမရှိပါက မူရင်း လယ်ယာမြေပိုင်ရှင်ကိုပြန်ပေးရန် သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

ထို့ပြင် ထိုလယ်ယာမြေ ကိစ္စနှင့်လည်း တရားရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဧပြီ (၈)ရက်တွင် လယ်ယာမြေ ပိုင်ရှင်များ တရားနိုင်ခဲ့သော်လည်း ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီအုပ်စုနှင့် ပူးပေါင်းပြီး အတင်းအဓမ္မထပ်မံလာရောက်သိမ်းယူ ခြံထပ်မံလာခတ်ကြောင်း လယ်ယာမြေပိုင်ရှင်များက ပြောဆိုသည်။

“ ဒီမြေနေရာကို ကျနော်တို့ တရားရင်ဆိုင်ပြီး ကျနော်တို့တွေ အနိုင်ရခဲ့ပြီ။ ဒါကြောင့် ခြံစည်းရိုးကို ကျနော်တို့ သွားဖျက်တယ်။ သီးနှံပြန်စိုက်မယ်ပေါ့။ ကုမ္ပဏီက ရဲတွေခေါ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်ပြန် ခြံပြန်ခတ်တယ်။ အဓမ္မခြံစည်းရိုးပြန်လာခတ်တယ်” ဟု ဟောင်လိတ်ကျေးရွာမှ လယ်ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုဟုန်ပန်းကုမ္ပဏီ တွင် လယ်မြေနှင့် ပတ်သက်ပြီး သက်သေ အထောက်အထား စာရွက်တစုံတရာမပြနိုင်ဘဲ ခြံလာခတ်ကြောင်း၊ ခြံခတ်ထားသည့် ပုံများကိုလည်း ဓာတ်ပုံပေးမရိုက်ကြောင်း မျက်မြင် တွေ့ရှိသည့် ဦးဇင်း တပါးက သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

“ သူတို့ ကုမ္ပဏီက အတင်းအဓမ္မသိမ်းပြီး ခြံခတ်တယ်။ နောက် ရဲတွေနဲ့ပူးပေါင်းပြီး ပြည်သူတွေကိုခြိမ်းခြောက်တယ်။ ပြည်သူတွေ ပစ္စည်းကို မတရားယူချင်တာပါပဲ” ဟု ဦးဇင်း က မိန့်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆိုင်သည့် လယ်ယာမြေများလည်း စစ်ကောင်စီ အစိုးရမှ မတရားသိမ်းယူမှုများ ဆက်လက်ဖြစ်လာနိုင်ကြောင်း၊ စစ်ကောင်စီ နှင့် ကုမ္ပဏီများပူးပေါင်းကာ ပြည်သူများပိုင်ဆိုင်သည့် လယ်ယာမြေကိုသိမ်းယူမည့် အမှု ပိုများလာနိုင်သည် ဟု လည်း လယ်ယာမြေပိုင်ရှင်များက စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...